Part (7) ❣️ my girl ❣️

70 2 0
                                    


အခန်းထဲတွင် ညစ်ပတ်နေသောအကျီဖြင့် ဒေါသထွက်နေသောသူမ အရာရာ ရူံးသလိုခံစားနေရသော သူမသည်
နိုင်ငံကျော်မင်းသမီးပြည်သူ့ အချစ်တော် ဂျူး၀တီသော် ဖြစ်သည်။ဂျူးသည် ငယ်စဉ်ကတည်းက နာမည်ကြီးလာခဲ့သည့်သူဖြစ်၍ မည်သူမျှ ဂျူးအား ဂျူးဧ။်သူငယ်ချင်းများကအစ ပြန်အော်ခြင်း၊ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်းမရှိခဲ့ပေ။ထိုကဲ့သို့ နေလာခဲ့ရသည့်သူမသည်
ဘာမဟုတ်သည့် ထိုကောင်မလေးကြောင့်
အရှက်ရခဲ့ရသည်ကို ဒေါသထွက်နေခဲ့သည်။

ထိုစဉ် သူမအိတ်ကပ်ထဲမှ ဖုန်းသံမြည်လာခဲ့သည်။ထိုသူမှာ လမင်းကြယ်ဖြစ်လေသည်။ဂျူး စိတ်မရှည်စွာဖြင့် ဖုန်းကိုင်လိုက်သည်။တစ်ဖက်မှ

" ဟဲ့ ဂျူး ဘယ်ရောက်နေတာလဲ "
" ငါဒီမှာနင်ဆင်းလာတာကို စောင့်နေတာ
အကြာကြီးပဲ ဘာဖြစ်လို့မလာသေးတာလဲ"

" ထွက်ပြေးမယ့်အစီစဉ်ဖျက်လိုက်တော့"

" ဘာနင်ဘာပြောလိုက်တာလဲ ဂျူး
ငါကနင့် အတွက် အပင်ပန်းခံပြီး ပြင်ဆင်ပေးထားတာကို နင်က အလကား လုပ်ပစ်တာလား"

" ကဲ့ ငါပြော သလိုသာ လုပ်လိုက်စမ်းပါ
လမင်း"
" နင်နဲ့ ရန်စကား ပြောချင်စိတ်မရှိဘူး"

" ဒါပေမဲ့ ဂျူး ဂျူး......"

ဂျူး သည် လမင်း ပြောသည်ကိုပင် ဆုံးအောင် နားမထောင်ဘဲဖုန်းချလိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင်

" မမလေးဂျူး မမလေးအတွက်
မိချစ် ကိုယ်တိုင်သွား၀ယ်လာတဲ့ ဇီးဖျော်ရည်လေး သောက်လိုက်ပါဦးနော်"

ဂျူး မိချစ်ယူလာသော အချိုရည်ကိုကြည့်လိုက်နေ‌လေသည်။အနီရောင်ဇီးဖျော်ရည် ခွက်သည် ဂျူးအားလှောင်ပြောင်နေသလိုပင်။ ဂျူး ခုနကအဖြစ်အပျက်ကိုပြန်သတိရသွားကာ

" မိချစ်အဲ့ ခွက်ကိုငါမမြင်ချင်ဘူး အခုချက်ခြင်းလွှတ်ပစ်လိုက်စမ်း"

" ရှင် လွှတ်ပစ်ရမယ်ဟုတ်လားမမလေးမမလေးပဲ အချိုရည်သောက်ချင်တယ်ဆိုလို့ မိချစ်ကိုယ်တိုင် အပင်ပန်းခံပြီးသွား၀ယ်ပေးထားတာကို "

ဂျူး စိတ်တိုသွားကာ ထိုအချိုရည်ခွက်အား အခန်းနံရံဆီကောက်ပေါက်ပစ်လိုက်သည်။

❣️my girl ❣️Where stories live. Discover now