Part (16)❣️ my girl ❣️

99 2 0
                                    


          ဂျူးသည် အနီရောင်ကြိုက်နှစ်သတ်သူဖြစ်သည်။ထို့ကြောင့် အနီရောင်
အ၀တ်အစားကို အများဆုံး၀တ်ဆင်ဖြစ်သည်။အထူးသဖြင့် ဖျော်ဖြေပွဲ၊ကပွဲနှင့် အစည်အဝေးပွဲတို့တွင် အနီရောင်ကိုသာ ၀တ်ဆင်ဖြစ်သည်။ဒီနေ့လဲ ကုမဏီမှာ
အစည်းအဝေးရှိသဖြင့် ဂျူးသည် အနီရောင် ၀တ်စုံကို ၀တ်ဆင်လာခဲ့သည်။ဆံပင်ကိုနောက်သို့သိမ်းကာအနီရောင်ကျောက်များဖြင့် စီခြယ်ထားသော ခေါင်းစီးကွင်းဖြင့် စီးထားလေသည်။

    ကုမဏီရှေ့ကားရပ်လိုက်သည်နှင့်ကားထဲမှ အနီရောင်မိန်းမပျိုနှစ်ယောက် ဆင်းလာခဲ့သည်။

       ဂျူးနှင့် အမာရာတို့သည်အနီရောင်၀တ်ဆုံဖြင့် လိုက်ဖက်ညီနေသဖြင့်
ကုမဏီ၀န်ထမ်းတို့၏ အာရုံစိုက်မှုမျက်လုံးများက ဂျူးတို့နှစ်ယောက်ဆီကျရောက်လာခဲ့သည်။

         ဂျူးသည် နဂိုတည်းက ပတ်၀န်းကျင်ကို ဂရုမစိုက်တတ်သောသူမို့ အေးဆေးလမ်းလျောက်နေပေမဲ့ အမာရာသည် သူမအားလူများဝိုင်းကြည့်နေသည်ကို မနေတတ်ပေ။ထို့ကြောင့် ဂျူးနားတိုးကပ်သွား၍

       " မမလေး ... မမလေးဂျူး လူတွေက အမာတို့နှစ်ယောက်ကိုလိုက်ကြည့်နေသလိုဘဲနော်... ဘာလို့လိုက်ကြည့်လဲမသိဘူး... အမာရာမနေတတ်တော့ဘူး"

         ဂျူးသည် ဂရုမစိုက်သည်ပုံဖြင့်

  " ထားလိုက်စမ်းပါ သူတို့ကမဲမဲမြင်ရာ အကုန်အာရုံစိုက်တတ်တဲ့သူတွေ..."

    ထို့နောက် ဂျူးသည်မဲ့ပြုံးပြုံးလိုက်ကာ
အမာရာ့ကို စချင်စိတ်ပေါ်လာ၍
   " ပြီးတော့ကနင့်ကိုလှလို့ကြည့်နေတာနေမှာပေါ့"

      ဂျူး၏ပြောစကားကြောင့် အမာရာသည်သဘောကျသွားကာ ပြုံးလိုက်လေသည်။

       ဂျူးသည် အမာရာ့အားလှသည်လို့ပြောလိုက်ခြင်းမှာလဲ စနောက်ခြင်းသက်သက်မဟုတ်။ အနီရောင်ဂါ၀န်လေးနှင့် ကိုယ်လုံးကိုယ်ပေါက်လှလှနှင့် အသားအရည်မှာလဲ လတ်သည့်အထဲပါသည့်အပြင် ကြော့ရှင်းသောလည်တိုင်လေးနှင့်လှချင်တိုင်းလှနေသည့် အမာရာ့ကို ဂျူးလှသည်ဟုမြင်မိသည်တော့ အမှန်ပေ။သို့သော် ဂျူးသည် ခံစားချက်ကိုထုတ်မပြောတတ်ပေ။အထူးသဖြင့် သူမ သိပ်မုန်းသော အမာရာ အပေါ်တွင်ဖြစ်သည်။

❣️my girl ❣️Where stories live. Discover now