Part(37)💔 my girl 💔

53 1 0
                                    


       " အခန်းနံပါတ်(333)"

    ဂျူးသည် တံခါးမခေါက်ဘဲအခန်းထဲသို့၀င်သွားလေသည်။

" ဂျူး......"

  ဂျူးကို အားရ၀မ်းသာဖြင့်ဖက်ထားသော လမင်း.....

   " လမင်း... နင်ငါကိုခေါ်တာဘာပြောမလို့လဲ...."

      " ငါနင့်ကိုကျေးဇူးတင်ချင်လို့ပါ...."

  " ဘာလို့လဲ..."

  " နင်ရဲ့သက်တော်စောင့်တွေက ငါ့ကိုအမြဲအနိုင်ကျင့်နေတဲ့ငါ့ရဲ့ ရည်းစားဟောင်းကို ထိုးကျိတ်ပြီးဆုံးမပေးသွားတယ်....အခုသူကငါ့ကိုမနှောင့်ယှက်ရဲတော့ဘူး....ကျေးဇူးပါနော်...."

" ရပါတယ်.... နင်ကငါ့သူငယ်ချင်းဆိုတော့ငါကူညီနိုင်သလောက်ကူညီပေးတာပါ..."

         " အဲ့တာပြောချင်တာမလား....ငါပြန်တော့မယ် လမင်း..."

  " နေပါဦး.... ငါ့ကိုလမ်းကြုံခေါ်သွားပါလား.... "

  " အင်းရတယ်လေ...."

          ********************

အမာရာတို့ကားသည် ဂျူး၀င်သွားသောဟော်တယ်၏ရှေ့တွင် ရပ်လိုက်လေသည်။
  "ချစ်မင်းသူ နင်ဒီမှာပဲစောင့်နေနော်......ငါအထဲ၀င်သွားလိုက်မယ်..."

  " အေးပါ...."

    အမာရာသည် ဂျူးအားဟော်တယ်ထဲတွင်လိုက်ရှာတော့သည်။

           ***********************

      " ဂျူး ခဏလေးနေပါဦး...."

      ဓာတ်လှေကားမှအထွက် လမင်းသည် ဂျူး၏လက်လေးအားလှမ်းဆွဲလိုက်လေသည်။

  " ဘာပြောမလို့လဲပြောလေ..."

  " ငါ... ငါတို့နှစ်ယောက်ဖြစ်ပျက်ခဲ့တာတွေကို သင်ပုန်းချေပြီး အစကနေပြန်စကြရအောင်လေ...."

   ဂျူးသည် မျက်မှောင်ကျုံ့လိုက်ပြီး

   " နင် ဘာကိုပြောချင်တာလဲ...."

    လမင်းသည် ဂျူးအား  မျှော်လင့်ချက်ပြည့်နေသောမျက်လုံးလေးဖြင့် ကြည့်လိုက်ပြီး

   " ငါ... တို့အရင်လိုချစ်သူပြန်ဖြစ်လို့မရဘူးလားဟင်...."

         " မဖြစ်နိုင်တာတွေမပြောစမ်းပါနဲ့ လမင်း.... ငါကကိုယ့်ကိုသစ္စာဖောက်တဲ့သူကို ဘယ်တော့မှခွင့်မလွတ်တတ်ဘူး...."

❣️my girl ❣️Where stories live. Discover now