" တီ!! တီတီ!!"မနက်လေးနာရီ နိုးစက်၏မြည်သံကြောင့် အမာရာ အိပ်ယာထဲမှ မထချင်ဘဲ ကုန်းရုံးထလာခဲ့ရသည်။
" ဝါး အိပ်ချင်သေးပါတယ်ဆိုမှ"
အမာရာသည် ရေမိုးချိုးအင်ကျီ လဲပြီး အလုပ်သို့သွားရန် အိမ်ရှေ့သို့ အထွက်တွင်တစ်စုံတစ်ခုကိုသတိရသွားလေသည်။
" ဟာ ဟုတ်သားပဲရေမွေးဆွတ်ဖို့မေ့နေလိုက်တာကြည့်စမ်း"
ထို့ကြောင့်အမာရာ သည်အိမ်ထဲသို့တစ်ခါပြန်၀င်ခဲ့ကာ ရေမွေးကို အကျီဂျိုင်း၊လည်ပင်း၊လက်မောင်းများပါမကျန်ဆွတ်လိုက်ပြီး သူမကိုသူမကျေနပ်သွားဟန်ဖြင့်
" ဟင်း သူဒီလောက်ဆိုငါ့ကို ချွေးနံ့နံတယ်လို့ပြောရဲမှာ မဟုတ်တော့ဘူး"
အမာရာသည် သူမဘာသာကျေနပ်စွာပြုံးမိပြီး သီချင်းလေးညည်းရင်း အလုပ်သွားလေတော့သည်။
********************
အမာရာသည် မနေ့ကအလုပ်ကိုနောက်ကျမှလာသောကြောင့် လစာအဖြတ်ခံခဲ့ရလေသည်။ထို့ကြောင် အမာရာသည် ဒီနေ့အစောကြီး အလုပ်လုပ်ရန် ရောက်လာခဲ့သည်။
အမာရာ သည်အစောကြီးရောက်လာ၍ အိမ်အကူများပင် ခုမှမျက်နှာသစ်ထားစပုံများပင်ရှိသေးသည်။ထိုသူတို့သည် အမာရာ့အားအစောကြီးလာ၍ အံ့ဩနေလေသည်။
အမာရာသည် ထိုသူတို့ကို ဂရုမစိုက်ဘဲ
ဂျူးရှိရာ အိမ်အပေါ်ထပ်ကိုသာ တတ်သွားခဲ့သည်။အမာရာ သည် ဂျူး၏ အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်လေသည်။
သို့သော် အခန်းထဲမှ ပြန်လည်တုံ့ပြန်သံမကြားခဲ့ပေ။အမာရာ တံခါးထပ်ခေါက်သော်လဲ တစ်ဖက်မှတိတ်ဆိတ်နေမြဲဖြစ်သည်။တံခါးမှာလဲ ချက်မထိုးထားသဖြင့် အမာရာ တွန်းပြီး၀င်လာခဲ့သည်။" မမလေး.. မမလေးဂျူး အမာရာ၀င်လာပြီနော် မမလေး"
အမာရာ သည် ဂျူးအထဲ၀င်လာသောအခါ ကုတင်ပေါ်တွင်အနီေရာင် ညအိပ်၀တ်စုံဂါ၀န်အပါးလေး၀တ်ဆင်ထားကာခြေပစ်လက်ပစ်ဖြင့်အိပ်မောကျနေသောဂျူးကိုတွေ့လိုက်ရလေသည်။
အမာရာ သည် ဂျူးနားကိုတိုးကပ်သွားလိုက်သည်။
" သူမရဲ့သေးသွယ်သောကိုယ်လုံးလေး၊ချောမွတ်နေသောအသားအရေလေး၊အကျီအပြင်ဘက်သို့အနည်းငယ်မို့မောက်နေသော သူမရဲ့အဖြူေရာင်ရင်သားစိုင်လေး၊သူမရဲ့ နှုတ်ခမ်းနီမကူပဲ ရဲနေသောနှုတ်ခမ်းသားလေး...."

YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."