Part (19)❣️ my girl ❣️

83 1 0
                                    


အမာရာသည် သူမ၏လုပ်ရိုးလုပ်စဉ်အလုပ်ဖြစ်သော ဂျူး၏လက်ထောက်အကူအဖြစ် အလုပ်လုပ်ရန် စံအိမ်ကြီးထဲသို့၀င်လာခဲ့သည်။သို့သော် စံအိမ်ကြီးထဲမှ အိမ်အကူများကတော့ ထိုသို့မဟုတ်။ အမာရာ အိမ်ထဲသို့၀င်လာသည်နှင့်အမာရာ့အားမုန်းတီးသည့်မျက်လုံးများဖြင့်ကြည့်နေကြသည်။

" ငါကိုဘာလို့မကျေနပ်တဲ့မျက်နှာနဲ့ကြည့်နေရတာလဲ... မသိရင်ငါကသူတို့မမလေးဂျူးကိုရိုက်ထားတဲ့အတိုင်းပဲ... ဟင်းကြောင်တောင်တောင်နဲ့" ဟုပင်အမာရာတွေးလိုက်လေသည်။

အမာရာ အိပ်ပေါ်ထပ်ဂျူး၏အခန်းထဲသို့ တံခါးမခေါက်မိဘဲ ၀င်လာမိလိုက်လေသည်။ ဂျူးသည် ကုတက်‌‌ေပါ်တွင်သူမအားကျောခိုင်းထိုင်နေသည်။

" မမလေး.. မမလေးဂျူးအစောကြီးနိုးနေတာပဲ "

အမာရာသည် ဂျူး၏ပုခုံးကိုကိုင်ရင်းပြောလိုက်လေသည်။

ဂျူးသည် အမာရာ့ခေါ်သံကြောင့် အလန့်တကြားနောက်လှည့်ကြည့်လိုက်သည်။

" နင်!!.. နင် ထပ်ရောက်လာပြန်ပြီလား.. ငါ့ ငါ့ကိုဘာထပ်လုပ်ဦးမလို့လဲ"

ဂျူးသည် ပြောရင်းဆိုရင်း အမာရာနှင့်ဝေးရာ ကုတင်အစွန်းဘက်သို့ကပ်သွားလေသည်။

အမာရာသည် ဂျူး၏ အပြုအမူကိုနားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကာ

" မမလေး.. မမလေး ဘာတွေပြောနေတာလဲ .... အမာရာက မမလေးကိုဘာလုပ်ရမှာလဲ ....အခုအမာရာအလုပ်လုပ်ဖို့ရောက်လာတာလေ"

ဂျူးသည် ဂျူးပြောသည့်စကားကို မယုံသက်ာကြည့်ရင်း အမာရာ့အနားသို့တဖြည်းဖြည်းကပ်လာလေသည်။ထို့နောက် အမာရာ၏ နှာခေါင်းထိပ်ကို လက်ညိုးဖြင့်ထိကြည့်လိုက်ပြီး

" ဟာ အစစ်ကြီးဟ"

အမာရာသည်နားမလည်သည့်ပုံစံဖြင့်

" လူအစစ်ကြီးကို ကိုင်ကြည့်ပြီးတော့အစစ်ကြီးတဲ့ လို့‌ေပြာတော့ အမာရာကဘယ်လိုပြောရမှာလဲ မမလေး"

အမာရာသည် ဂျူးနှင့်နီးကပ်နေသဖြင့် ဂျူး၏မျက်နှာကို သေချာမြင်ရလေသည်။ဂျူး၏မျက်နှာသည် အိပ်ရေးပြတ်ထားသလို မျက်ကွင်းများညိုနေသဖြင့်

❣️my girl ❣️Where stories live. Discover now