" ဂျူး၀တီသော် နင့်လုပ်ရပ်က အဲ့တာဘာလုပ်ရပ်လဲ ..."အိပ်ခန်းထဲတွင်ဆေးလိပ်သောက်နေသော ဂျူးအား ဒေါ်သက်ထားခင်ကပြောလိုက်ခြင်းဖြစ်သည်။
" သမီး ဘာမှားလို့လဲ အမေ..."
ဂျူးသည် ဒေါ်သက်ထားခင်ပြောသည်ကို ဂရုမစိုက်သည်ပုံစံဖြင့် အိပ်ယာပေါ်တွင် ခြေထောက်ချိတ်ရင်း ပြောလိုက်လေသည်။
"ငါ့မှာတော့ မောင်နှမသုံးယောက် အချင်းချင်း ချစ်ချစ်ခင်ခင်ရှိနေပြီဆိုပြီးတော့ ပျော်လိုက်ရတာ... နင်ကတော့ တစ်ကိုယ်ကောင်းဆန်လိုက်တာပေါ့....."
" နေစမ်းပါဦး ..... ငါတောင်ငါ့ရှယ်ယာတွေကို ကြည်ကြည်ဖြူဖြူပေးလိုက်တာ .... နင်က ဘာကိစ ငါ့သားသမီးတွေကို လိမ်လည်ရတာလဲ...."" သူတို့နဲ့ အဲ့ရှယ်ယာတွေက တန်လို့လား..."
" ဘာ နင်ဘယ်လို စကားမျိုးပြောလိုက်တာလဲ...."
ဂျူးသည် ခပ်တည်တည်ဖြင့်
" သမီးပြောတာက .... သူတို့နှစ်ယောက်က ကုမဏီရဲ့ပိုက်ဆံတွေ၊ရှယ်ယာတွေကို ရရအောင် သူတို့နဲ့အဲ့တာတွေက တန်လို့လားလို့....."
" အဲ့တာ နင့်သွေးသားရင်းတွေနော်...."
" သိတယ်လေအမေရဲ့.... အဲ့တာကြောင့်ပဲ သမီးက ညှာတာပေးလိုက်တာ.... တစ်ခြားသူဆို ဘ၀ပျက်အောင်လုပ်ပစ်မှာ..... သူတို့ကို အလုပ်လုပ်ခိုင်းတယ်ဆိုကလဲ နောင်တစ်ချိန်ကြရင် ငွေရှာတတ်အောင်သင်ပေးတာလေ.... တစ်ချိန်ကြရင် သမီးကိုကျေးဇူးတင်မှာပါ"
" ငါ့သားသမီးတွေကို အလုပ်မလုပ်စေချင်ဘူး.... ငါတို့မှာ ကုမဏီကြီးတစ်ခုလုံးပိုင်နေပြီပဲကို အလုပ်လုပ်စရာ လိုလို့လား..."
ဂျူး၏မျက်နှာသည် အေးစက်ခက်ထန်သွားပြီး
" အဲ့တာဆို သမီးကကော...."
ဒေါ်သက်ထားခင်သည် နားမလည်သည့်ပုံစံဖြင့်
" ဘာကိုလဲ...."" သမီးကကောအမေ့သားသမီး မဟုတ်ဘူးလား"
ဒေါ်သက်ထားခင်သည် စကားမှားသွားမှန်းသိလိုက်၍
" နင်ကလည်း ငါ့သမီးပဲလေ...... ဟို.... ငါပြောတာက..."
" သမီးက အမေ့သမီးဆိုရင် ဘာလို့ အလုပ်တွေ အတင်းလုပ်ခိုင်းရတာလဲ.......
ဟင်... အသက် ကိုးနှစ်ကတည်းက သရုပ်ဆောင်အလုပ်နဲ့ အသက်ဆယ့်ခြေက်နှစ်ကတည်းက ကုမဏီကြီးကို တာ၀န်ယူခိုင်းတာကကော.....သမီးကို အလုပ်ခိုင်းတာမဟုတ်ဘူးလား.... "
ဂျူးသည် မဲ့ပြုံးပြုံးလိုက်သော်လဲ မျက်ရည်များဝဲနေခဲ့သည်။
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."