အလုပ်မှပြန်လာသူတိုင်းမိမိအိမ်ပြန်ရောက်လျှင် ခြေကုန်လက်ပန်းကျကာချက်ချင်းအနားယူကြပေမဲ့ အမာရာကတော့ ထိုသို့မဟုတ်ခဲ့။" အမာရာ အလုပ်ကပြန်လာရင်လဲ အိပ်ခန်းထဲမှာ အနားယူပြီးအိပ်တော့လေ..... ဘာလို့ ထိုင်းကားတွေထိုင်ကြည့်နေတာလဲ......"
" ဟာ မမကလည်း အမာရာ မပင်ပန်းပါဘူး ....အေးဆေးပါ...."
အမာရာ ကြည့်နေသောထိုင်းကားသည် gl ဇာတ်လမ်းတွဲဖြစ်သည်။ထိုစဉ် ဇာတ်လမ်းတွဲတွင် မင်းသမီးနှစ်ယောက်နမ်းနေကြသည်။
" ဟာ နမ်းနေပြီမမ.... မမဒီကားကြည့်ကြည့် အရမ်းကောင်းတယ် .... မမကိုကူးပေးရမလား...."
အေးချစ်ခင်သည် အမာရာပြောသောဇာတ်ကားကိုလှမ်းကြည့်လိုက်ရာ gl ကားဖြစ်၍ အေးချစ်သည် မျက်နှာရူပ်မဲ့သွားကာ
" ဟင် မိန်းကလေးချင်းကြိုက်တဲ့ကားကြီးကို ငါကဘာလုပ်ရမှာ... အမာရာအဲ့ကားတွေ သိပ်ကြည့်မနေနဲ့ဦးနော်.....တော်ကြာအဲ့စိတ်တွေပေါက်နေမှဖြင့်......"
အမာရာသည်ဂရုမစိုက်တဲ့ပုံဖြင့်
" ဟာ မမကလဲ အဲ့စိတ်တွေပေါက်တော့ဘာဖြစ်လဲ.... မိန်းကလေးချင်းအချင်းချင်းကြိုက်တာက အခုခေတ်မှာ
အထူးအဆန်းမှမဟုတ်တာ...."အေးချစ်ခင်သည် မျက်နှာတည်သွားပြီး
" အမာရာ အဲ့တာက ဇာတ်ကားတွေဇာတ်လမ်းတွေထဲမှာပဲ ကြည့်နူးစရာ၊အားကျစရာကောင်းတာ......အပြင်မှာမိန်းကလေးအချင်းချင်းယူပြီး ဘာတွေများကောင်းနေလို့လဲ..... အများပြောစရာဖြစ်တယ်.... အမာရာအဲ့လိုစိတ်တွေပေါက်မသွားပါစေနဲ့လို့ပဲ မမဆုတောင်းတယ်...."
အမာရာသည် အမဖြစ်သူအေးချစ်ခင်ဒီလောက်မျက်နှာထားတည်တည်နှင့် အသေအချာပြောနေသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သလို.....ကြောက်ရွံ့ခြင်းလည်းဖြစ်သွားခဲ့သည်။
အမာရာသာ မိန်းကလေးချင်းကြိုက်နေမှန်း မိသားစုတွေသိရင် ဘယ်လိုများဒေါသထွက်သွားမလဲ ဟုပင်တွေးရင်းစိုးရိမ်လာသည်။
" ဟုတ်မမ အမာရာအဲ့လိုမလုပ်ပါဘူး......"
" တီ!!တီ!!တီ"
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."