Part (11) ❣️ my girl ❣️

84 3 0
                                    


            အမာရာသည်ဖုန်းခေါ်ဖို့ဖုန်းနံပါတ်နှိပ်ရန်ပင် လက်များတုန်နေခဲ့သည်။

     " ဟဲလို "
    အမာရာ သည် ဂျူး၀တီသော်ကိုဖုန်းခေါ်သော်လဲ တစ်ဖက်မှ ဖုန်းပြန်ဖြေသံ မကြားရပေ။

အမာရာ သည်စိတ်လှုပ်ရှားမှုကြောင့် အသံများပင် တုန်ရီနေခဲ့သည်။

     " ဟဲလို ... မဂျူး၀တီသော်လားမသိဘူးရှင့်"

      အတော်အတန်ကြာသောအခါတစ်ဖက်မှ

    " အင်း ဘာကိစလဲ"

    " ဟို ကျွန်မ အမာရာပါ "

    " အဲ့တော့ ဘာလို့ဖုန်းဆက်တာလဲ"

   ဂျူး၀တီသော်၏ ခပ်ပြတ်ပြတ်စကားသံကြောင့် အမာရာ စိတ်တိုသွားသော်လဲ ကိုယ်တိုင်က အကူအညီလိုအပ်နေသော
သူဖြစ်၍

    " ဟို အလုပ်ကိစပါ မနက်ကအလုပ်ကိစလေး အဲ့တာ..."

    " အဲ့တာ ဘာဖြစ်လို့လဲ"

    " ဟို အမာရာ အဲ့ဒီအကူအလုပ်ကိုလုပ်ချင်လို့ပါ"

   " နေ့ချင်းညချင်း စိတ်ပြောင်းသွားပါလား"

     " ဟုတ် ငွေအရေးပေါ်လိုအပ်နေလို့ပါ "

       " ကောင်းပြီလေ .. မနက်ဖြန် မနက်၅ နာရီခွဲ ကိုငါ့အိမ်အရောက်လာခဲ့ရမယ်... ငါလိပ်စာ ပို့လိုက်မယ်"

    " ရှင် မနက်၅ နာရီ အရောက် ဟုတ်လား.... ကားပိတ်ရင်ရော"

    " ကားပိတ်မှာကြောက်ရင်စောစောအိမ်ကနေထွက်လာခဲ့ပေါ့.. ဟင်းဘာလဲ အလုပ်ကမလုပ်ရသေးဘူး ဂျီးများနေတာလား"

   " မ မဟုတ်ပါဘူး အမာရာ မရောက်အောင်လာခဲ့ပါ့မယ်"

    ‌" ကောင်းပြီလေ အဲ့တာဆိုဒါပဲ"

      တစ်ဖက်မှ ဖုန်းချသွားသော အခါမှ အမာရာ စိတ်ပျက်လက်ပျက်ဖြင့် အိပ်ယာပေါ်တွင် လှဲချလိုက်‌ေလသည်။ ကိုယ့်ပေါ်မကောင်းသောသူကိုမှ ခခယယ ပြောဆိုနေရသည့် မိမိကိုယ်ကို အမာရာ စိတ်ပျက်မိသည်။
   
                *****************
" အဲ့တော့ညီမလေးက အလုပ်ရပြီလို့ဆိုလိုချင်တာလား"

     အမာရာ သူမ၏ အမအေးချစ်ခင် ၏ရှေ့တွင်မျက်နှာကို အတတ်နိုင်ဆုံးပြုံးပြလိုက်ပြီး
      "   ဟုတ်မမ အမာရာ အလုပ်ရပြီ အဲ့တာ မနက်ဖြန်ဆင်းရမှာ"

❣️my girl ❣️Where stories live. Discover now