အဝေးပြေးလမ်းမပေါ်တွင် ကားတစ်စီး အရှိန်ပြင်းစွာမောင်းနှင်နေခဲ့သည်။
ထိုကားမှာ ဂျူးမောင်းနှင်လာသောကားဖြစ်လေသည်။အမာရာသည် ကားပေါ်တွင် ဆူပုတ်ပုတ်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ လိုက်လာခဲ့သည်။
ဂျူးသည် အမာရာသူမကို စိတ်ကောက်နေမှန်းသိ၍
" အမာရာ အဲ့လိုဆူပုတ်ပုတ်လုပ်မနေနဲ့.... အခုချက်ချင်းနင့်မျက်နှာ အမူအရာကို ပြန်ပြင်လိုက်စမ်း......"
အမာရာ သည် ဂျူးပြောသည်ကို ဂရုမစိုက်ဘဲ ဆူပုတ်ပုတ်လုပ်မြဲဖြစ်သည်။
ဂျူးသည်ဒေါသထွက်သွားပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်လေသည်။
"အမာရာ ..... နင်ငါပြောတာနားမထောင်ဘူးပေါ့.... အဲ့တာဆိုလဲ လစာ....."
" လစာဖြတ်မှာမလား.... ဖြတ်ပစ်လိုက်လေ.... မမလေးတတ်နိုင်တာအဲ့တာပဲမလား.... တစ်ခါလာလည်းလစာ ဖြတ်မယ်နဲ့ အဲ့တာနဲ့ပဲအမာရာ့ကို ခြိမ်းချောက်နေတာလား......"
အမာရာသည် ဂျူးအား ပထမဆုံးပြန်ရန်စကားပြောနေသောကြောင့် ဂျူး လန့်သွားခဲ့သည်။
" အမာရာ နင်ဘာလို့အဲ့လောက်စိတ်တိုနေရတာလဲ.... အခုကိစ္စမှာငါဘာလွန်လို့လဲ..."
အမာရာ သည်ဂျူးအား အံ့ဩစွာကြည့်လိုက်ပြီး....
" ဘာလွန်လို့လဲ ဟုတ်လာမမလေး....
မမလေးအခုထိကိုယ့်ကိုကိုယ်ငါ့လုပ်ရပ်ကမှန်တယ်လို့ထင်သေးတုန်းလား....."အမာရာသည် စိတ်ရူပ်စွာသူမဆံပင်ကိုအပေါ်သိုလှန်သပ်ချလိုက်ပြီး
" ဒီမှာမမလေး..... မမလေးပဲ အမာရာ့ကို
ဒီနေ့ပိတ်ရက်ပေးထားပြီးတော့ အမာရာသူငယ်ချင်းရှေ့မှာ အတင်းပြန်ဆွဲခေါ်သွားတာဘာသဘောလဲ.... အမာရာ့အပေါ်မှာလုံး၀မတရားဘူး...."ဂျူးသည် အနည်းငယ်ပြုံးလိုက်လေသည်။သို့သော် မျက်ရည်စအချို့ဝဲတတ်လာခဲ့သည်။
" အေးပါငါမှားပါတယ်..... ငါအလိုအပ်ဆုံးအချိန်မှာ နင်ရှိေနပေးမယ်ထင်လို့ ငါခေါ်လာမိတာ ငါ့အမှားပဲ...."
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."