အစည်းအဝေးစချိန်ဖြစ်၍ အခန်းထဲသို့ သက်ဆိုင်ရာလူကြီးတစ်ချို့၀င်လာခဲ့ကြသည်။ဂျူးသည် အစည်းအဝေးအဖွင့်စကားကိုေပြာရန် မတ်တတ်ရပ်လိုက်သည်။
" လေးစားရပါသောကုမဏီရဲ့ တာ၀န်ရှိလူကြီးများနှင့်တကွ ရှယ်ယာရှင်များနဲ့ စာရေးအကူများရှင့်... အစည်းအဝေးကိုလာရောက်တတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
" ကျွန်မဂျူး၀တီသော် အခုလို အစည်းအဝေးခေါ်လိုက်ရခြင်းရဲ့ အကြောင်းရင်းကတော့ အခုလို ကိုဗစ်19 ကပ်ဆိုးကြီးဆွဲကပ်နေတဲ့အချိန်မှာ ကုမဏီအသီးသီးမှာ ငွေကြေးအခက်အခဲတွေရှိစမြဲဖြစ်ပါတယ်..... ကံကောင်းစွာနဲ့ ကျွန်မတို့ ကုမဏီကတော့အဲ့အကျပ်အတည်းပါမလာခဲ့ပါဘူး......."
" ဟုတ်တာပေါ့ ဒို့ကုမဏီရဲ့ မန်နေဂျင်းဒါရိုက်တာရဲ့ အလုပ်အပေါ်စီမံခန့်ခွဲပုံကောင်းလို့ပါ....."
ဂျူးသည် သူမကိုချီးကျူးသောရှယ်ယာရှင်အား ပြုံးပြလိုက်ရင်း
" ကျွန်မတစ်ယောက်တည်း ကြိုးစားမှုကြောင့်မဟုတ်ပါဘူး..... အားလုံးရဲ့ကြိုးစားမှုကြောင့် လည်းပါပါတယ်....... ဒါပေမဲ့ လက်လွှတ်စပယ်အေးဆေးနေလို့မရပါဘူး....... ကျွန်မတို့ပုဂလိက ကုမဏီကြီးကို ပိုပြီးလူသိများ ပြီးရင်းနှီးမြုပ်နှံသူတွေ များအောင်လုပ်ဖို့လိုပါတယ်....."
" သမီးပြောတာတော့မှန်ပါတယ်.... ဒါပေမဲ့ ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ....."
ရှယ်ယာရှင်တစ်ယောက်လည်းဖြစ်သော ဒေါ်သက်ထားခင်မှ မေးလိုက်ခြင်းဖြစ်သည်။
" ကျွန်မ တစ်ခုစဉ်းစားမိတာတစ်ခုရှိပါတယ်.... အခုလိုကျန်းမာရေးက အရေးကြီးနေတဲ့ခေတ်ကြီးမှာ ကျွန်မတို့ဆေးခန်းနဲ့ဝေးတဲ့ ရွှာဘက်တွေမှာ ဆေးဝါးပရဟိတလုပ်ရင်ကောင်းမလားလို့...."
" ကောင်းပါတယ်... ဒါပေမဲ့ ရွှာဘက်ဆိုတော့ ခရီးအတွက်ကုန်ကျစရိတ်ပိုကုန်မလားလို့......"
" တစ်ဖက်ကကြည့်ရင်လည်း မှန်ပါတယ်.... ဒါပေမဲ့ ကုမဏီနာမည်ကိုနယ်ဘက်တွေမှာပိုပြီးတော့သိသွားမယ်.... နယ်ဘက်ကရင်းနှီးမြုပ်နှံသူတွေရလာခဲ့မယ်ဆိုရင် ပိုပြီအကျိုးအမြတ်ရမယ်ထင်ပါတယ်....."ကျွန်မပြောတာထောက်ခံတဲ့သူရှိလားရှင့် မဲခွဲဖို့လိုသလားရှင့်။
YOU ARE READING
❣️my girl ❣️
Romansa"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."