Part (6 ) ❣️my girl ❣️

94 2 0
                                    

" ကဲ ဂျူးဒီကိစ ကဘယ်လိုဖြစ်ရတာလဲပြောစမ်းပါဦး"
"သူနာပြုက နင့်အခန်းထဲရောက်တော့ နင်ပျောက်သွားတယ် လှမ်းဖုန်းဆက်တော့ငါတို့ဘယ်လောက် လန့်သွားခဲ့လဲသိရဲ့လား"
"တော်သေးတာပေါ့ ဆေးရုံသွားတဲ့လမ်းမှာပဲ တန်းတွေ့လို့"

ဂျူးဆေးရုံကုတင်ပေါ်မှာ ခြေထောက်ချိတ်ပြီးထိုင်ကာ ဖုန်းကိုသာအာရုံစိုက်နေခဲ့သည်။ဒေါ်သက်ထားခင်ပြောသမျှကို ဂရုမစိုက်မလို လုပ်နေခဲ့သည်။

" ဟဲ့ ဂျူးငါပြောတာကြားရဲ့လား
ငါ့စကားကို ဂရုမစိုက်သလိုလာမလုပ်နဲ့
အခုချက်ချင်းဖုန်းကိုပိတ်ပြီးငါပြောတာနားထောင်စမ်း "

ဂျူး ဖုန်းကိုပိတ်လိုက်ပြီးလက်ပိုက်လိုက်ကာ

" ပြောပါ နားထောင်နေပါတယ်"

" ဒီမှာဂျူး နင်က ဆေးရုံကနေဘယ်ကို
သွားမယ်ကြံတာလဲ"

" မသိဘူးလေ ဆေးရုံမှာနေရတာထက် လျောက်သွားတာကပိုပျော်ကောင်းမယ်ထင်လို့လေ"

" ဘာပျော်ချင်လို့ဟုတ်လားဂျူး လူကြားထဲကို ဘာလို့ အစောင့်အရှောက်မရှိဘဲ တစ်ယောက်တည်းသွားရတာလဲ ပြောစမ်းပါဦး"
"ပြီးတော့နင်က နိုင်ငံကျော်မင်းသမီးလေ ဒီတိုင်းလမ်းမပေါ်မှာ‌ေလျှာက်သွားလို့ရမယ်ထင်နေတာလား "
" ပြီးတော့လူကအငြိမ်လဲမနေဘူးကောင်မလေးတစ်ယောက်နဲ့တောင်ရန်ဖြစ်လိုက်သေးတယ် ဟိုကနင့်ကိုမှတ်မိသွားပြီး လိုင်းပေါ်တင်လိုက်ရင် ငါတို့လိုင်းပေါ်မှာ အရှက်ကွဲမှာပေါ့"
" နေစမ်းပါဦးအဲ့ကောင်မလေးကဘယ်ကကောင်မလေးလဲ သူနင့်မျက်နှာမြင်သွားသေးလား"

ဒေါ်သက်ထားခင် ၏အမေးစကားကြောင့်ဂျူး ထိုကောင်မလေးကိုပြန်မြင်ယောင်မိသွား‌လေသည်။အန်ဖတ်‌တွေပေကျံနေသည့်ဂါ၀န်ဖြင့် လူအများကြားတွင့် မချိတင်ကဲဖြစ်ပြီးကျန်ခဲ့သည့် ထိုကောင်မလေးမျက်နှာကို ပြေးမြင်ယောင်မိပြီး မချိပြုံးပြုံးလိုက်ကာ

" အဲ့တာသမီးကိစပါ ဘယ်ကကောင်မလေးလဲဆိုတာ အရေးမကြီးပါဘူး သူလဲ သမီးမျက်နှာကိုမမြင်သွားပါဘူး စိတ်ချလို့ရပါတယ်"

"အဲ့တာဆိုလဲပြီးတာပဲ နင့်ကိုအခုကစပြီးတစ်ယောက်တည်းမထားတော့ဘူး အကူတစ်ယောက်လောက်တော့ခေါ်ထားမှဖြစ်တော့မယ်"

❣️my girl ❣️Where stories live. Discover now