Part (18)❣️ my girl ❣️

67 2 0
                                    


" ဂျူးသည် စာကြည့်စားပွဲတွင်ထိုင်၍ စာရင်းထိုင်တွက်နေခဲ့သည်။ရုပ်ရှင်မင်းသမီးအလုပ်အပြင် ကုမဏီ၏လစဉ် စာရင်းချုပ်များကို ကိုင်တွယ်ဖြေရှင်းနေရသည့်ဂျူးအတွက် အတော်အလုပ်ရူပ်နေခဲ့သည်။ထိုစဉ် အခန်းတံခါးခေါက်သံကြားလိုက်ရသဖြင့်

" ဘယ်သူလဲ"

" သမီးဂျူး အမေပါ"

မိခင်ဖြစ်သူ ဒေါ်သက်ထားခင်ဖြစ်သဖြင့်၀င်ခွင့်ပြုလိုက်သည်။ကုမဏီ၏ရှယ်ယာရှင်နှင့်မိခင်ဖြစ်နေသောကြောင့်၀င်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ဂျူးသည် သူမ၏အလုပ်ခန်းထဲသို့ အပြင်လူ၀င်သည်ကို နည်းနည်းမှမကြိုက်ပေ။

" ဪ အမေလာ ဘာကိစ္စရှိလို့လဲ"

" ဒေါ်သက်ထားခင်သည် စိုးရိမ်အပြည့်ဖြစ်နေသောမျက်နှာဖြင့် ရုံခန်းထဲသို့၀င်လာခဲ့သည် ။

" သမီးဂျူး အမေပြောစရာရှိလို့ပါ"

မိခင်ဧ။်မျက်နှာအမူအရာကို အလွတ်ရနေသောဂျူးသည် သူမအမေမျက်နှာမကောင်းမှန်းသိ၍

" အမေဘာဖြစ်လာတာလဲ... သမီးကိုပွင့်ပွင့်လင်းလင်းပြောပါ"

ဒေါ်သက်ထားခင်တစ်ယောက် ဂျူးအားမျှော်လင့်တကြီးကြည့်ရင်း

" သမီးလေးဂျူး...ဟိုဟာလေ... ဟို .. သမီးအမနဲ့မောင်လေးက အမေ့ရှယ်ယာတွေလာတောင်းနေတယ် သမီးရဲ့ အဲ့တာသမီးက ကုမဏီရဲ့ ရှယ်ယာအများဆုံးသူဆိုတော့ သမီးကိုလာတိုင်ပင်တာပါ"

ဂျူးသည် ဒေါသဖြစ်စွာ ထိုင်ခုံမှ ထလိုက်ပြီး

" ဘာသူတို့ကို ကုမဏီရဲ့ရှယ်ယာပေးရမယ်ဟုတ်လား... သူတို့ကပညာတောင်ပြီးအောင်မသင်ရဘဲနဲ့ ကုမဏီရဲ့ရှယ်ယာရှင်ဖြစ်ချင်သေးတယ်ပေါ့... သူတို့က...."

ဂျူးသည် ပထမတွင်ဒေါသဖြစ်စွာ
ပြော‌နေသော်လဲ တစ်စုံတစ်ခုကိုစဉ်းစားမိသွားသဖြင့် ကောက်ကျစ်စွာပြုံးလိုက်လေသည်။

" အင်းအဆင်ပြေသားပဲအမေရဲ့ သူတို့ကိုရှယ်ယာတွေပေးလိုက်လေ"

ဒေါ်သက်ထားခင်သည် သမီးဖြစ်သူဂျုး၏ အမူအရာရုတ်တတ်ရပ်ပြောင်းလဲသွားသဖြင့်အံ့ဩနေမိသည်။

❣️my girl ❣️Where stories live. Discover now