" ဟာ ပင်ပန်းလိုက်တာကွာ....ပြန်လာတော့လဲ နားရမယ်မှတ်တယ်
... စာရင်းတွေပြန်ချုပ်ရဦးမယ်..."ကျော်စွာသည် ထိုင်ခုံပေါ်တွင် ထိုင်ရင်းငြီးနေခြင်းဖြစ်သည်။
" ဟုတ်ပမောင်လေးရယ်.... ဟိုကောင်မကတော့အိမ်ကိုအစောကြီးပြန်သွားပြီး
အနားယူနေပြီပေါ့....."သံသာသည်မိချစ်ကိုကြည့်လိုက်ပြီး
" ဟဲ့ နင်လည်း ငါ့ကိုကူပြီး စာရင်းတွေကူလုပ်ပေးရမယ်နော် ကြားလား...."
" ဟုတ်မမလေးသံသာ...."
" ပြီတော့ငါစုံစမ်းခိုင်းထားတဲ့.... အဲ့နှစ်ယောက်ကိစ ဘာထူးခြားသေးလဲ...."
" ထူးခြားတာပေါ့ မမလေးရယ်...."
ကျော်စွာသည် ဆေးလိပ်ဖွာရင်း
" ပြောပါဦး... သူတို့က ဘာတွေများထူးခြားလို့လဲ...."
" သူတို့ အပြုအမူတွေက သာမန်မိန်းကလေးနှစ်ယောက်ခင်တာနဲ့မတူဘူး.
..... လိုတာထက်ကိုပိုပြီး ရင်းနှီးနေကြတယ်...."ကျော်စွာသည် မျက်မှောင်ကျုံ့လိုက်ပြီး
" ဘာလဲ.... နင်ပြောချင်တာက ငါ့အမဂျူးက မိန်းကလေးချင်းသဘောကျနေတာလို့ပြောချင်တာလား..... ဂျူး၀တီသော်ဆိုတဲ့ ငါ့အမက မာနကြီးသဘောထားသေးသိမ်တယ်.....ယောကျာ်းလေးကိုတောင်စိတ်၀င်မစားတာ.... မိန်းကလေးဆိုဝေးသေး.... ဟုတ်မှလဲလုပ်ပါ ...."
" ဟာ အကိုလေးကလဲ မိချစ်မညာပါဘူး.... အလုပ်မှာလည်းတစ်ယောက်နဲ့တစ်ယောက် အချစ်တွေပြည့်နေတဲ့မျက်လုံးနဲ့ကြည့်နေကြတာ....."
သံသာသည် ကောက်ကျစ်သောအပြုံးဖြင့်ပြုံးလိုက်ပြီး
" အဲ့တာဆိုလဲ ကောင်းတာပဲ.... နာမည်ကြီးမင်းသမီးက မိန်းကလေးချင်းကြိုက်နေတယ်ဆိုတဲ့ သတင်းထွက်လာရင် သူပဲအရှက်ရမှာ.... ဒါပေမဲ့ငါတို့မှာတိကျတဲ့သက်သေမရှိဘူး.... မိချစ်အဲ့တာနင့်တာ၀န်ဖြစ်သွားပြီနော်...."
" ဟုတ်မမလေး...."
" မနက်ဖြန် နင်စောစောရုံးခန်းကိုသွားပြီး
ခုနက စာရင်းချုပ်ဖိုင်သွားတင်ရမယ်သိလား..... ငါတို့မနက်အစောကြီးထသွားမတင်ချင်လို့...."
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."