နံနက်ခင်းနွေးထွေးသောနေရောင်ခြည်ကဂျူး၏ အနီရောင်အိပ်ခန်းလေးထဲသို့၀င်လာခဲ့သည်။" အဟင့်!!!...."
ဂျူးသည် အရင်ဆုံးနိုးလာခဲ့သည်။သူမမျက်လုံးဖွင့်ဖွင့်ချင်းတွေ့လိုက်ရသည်က
အပြစ်ကင်းစင်စွာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကောင်မလေး.....
နှုတ်ခမ်းပါးပါးလေးပေါ်တွင်စွန်းနေသောသွေးစအနည်းငယ်.... ညကအချစ်ကြမ်းခဲ့ကြ၍ သူမနှုတ်ခမ်းလေးပေါက်သွားခြင်းဖြစ်သည်။ဂျူးသည် အမာရာ့ပါးလေးကိုကိုင်လိုက်ပြီး
" ကောင်မလေးရယ်..."မ" အရမ်းကိုချစ်မိနေပါပြီလို့.....မနက်မိုးလင်းတိုင်း"မ" ရဲ့နားမှာကောင်မလေးကိုမြင်ချင်လိုက်တာ.....ကောင်မလေးကို "မ" အမြဲသစ္စာရှိနေပါ့မယ်...."
" အဟင့်!!...ဟင်း..."
အမာရာသည် မျက်လုံးလေးဖွင့်ကြည့်လိုက်ရင်း....
" ဟင်"မ" နိုးနေပြီလား....နိုးနေတာကိုဘာလို့မနှိုးတာလဲ..."
" မ" ကကောင်မလေးအိပ်နေတဲ့ပုံလေးကို ချစ်လို့ကြည့်နေတာ.... မနှိုးရက်ပါဘူး.... ကောင်မလေးအိပ်ရေးပျက်သွားမှာစိုးလို့....."
" ဟာ " မ" ကလည်း အလုပ်သွားရဦးမယ်လေ...."
" အလုပ်ကိုထားလိုက်တော့ ဒီနေ့က တို့နှစ်ယောက်အတွက်ပဲဖြစ်ရမယ်...."
" ဟုတ်ပါပြီ"မ"ရယ်...."
အမာရာသည်ဂျူး၏နဖူးလေးအားအနမ်းပေးလိုက်လေသည်။
" ကောင်မလေးဗိုက်ဆာနေပြီလား...."မ" တို့အပြင်မှာမနက်စာထွက်စားကြမယ်လေ...."
" ဟုတ်ကဲ့ပါရှင့်...."
ဂျူးသည်အမာရာ့ပါးလေးအားဆွဲလိမ်လိုက်ပြီး
"ဒါပေမဲ့တန်ရာတန်ကြေးတော့ပြန်ပေးရမယ်နော်..."
ဂျူးသည် မျက်လုံးတစ်ဖက်ပင့်ကာ အမာရာ့အားအချက်ပြလိုက်လေသည်။
အမာရာသည်နှုတ်ခမ်းလေးဆူလိုက်ပြီး
" တော်ပါတော့... တစ်ကိုယ်လုံးလဲလက်သည်းရာတွေကြီးပဲကို အမာရာ့နှုတ်ခမ်းလေးလဲပေါက်နေပြီ...."
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."