အမာရာသည် ဒီနေ့မနက်စောစောထ၍ အိမ်အတွက်ဈေး၀ယ်ထွက်ရန်ပြင်ဆင်ခဲ့သည်။အပိုလူဖြစ်သွားသည့်အမာရာသည် အိမ်အတွက်ကိုယ်လုပ်နိုင်တာလေးတွေလုပ်ထားရမည်မဟုတ်လား......အမာရာသည် ဈေး၀ယ်ပြီးtaxiကားငှားရန် ကားမှတ်တိုင်တွင်ရပ်နေချိန် အမာရာ့ရှေ့တွင် ကားတစ်စီးလာရပ်ခဲ့သည်။
အမာရာသည် ကားကိုသေချာကြည့်နေခဲ့သည်။ထို့နောက်မကြာခင်ကားတံခါးပွင့်လာေလသည်။
" ဟင်!!!.... မမလေးဂျူး.... မမလေးဂျူးဘယ်လိုလုပ်အမာရာကိုတွေ့သွားတာလဲ...."
ဂျူးသည် အမာရာ့လက်ကိုကိုင်လိုက်ပြီး
" နေရာတိုင်းမှာ ငါ့ရဲ့မျက်စိနဲ့နားတွေရှိတယ်...ငါနဲ့လိုက်ခဲ့..."
ဂျူးသည် အမာရာ့လက်အားဆွဲကာ ကားပေါ်တတ်ရန်ခေါ်လေသည်။
အမာရာသည် ပြန်ရုန်းလိုက်ရင်း
"ဟင့်အင်မလိုက်နိုင်ဘူး...."
" နင်မလိုက်မချင်းငါနောက်ကနေကားနဲ့လိုက်နေမှာနော်....လူကြားထဲအရှက်ကွဲချင်လို့လား...."
အမာရာသည် မလိုက်ချင်ဘဲ ငိုမဲ့မဲ့နှင့်ကားပေါ်တတ်သွားခဲ့သည်။
*******************
အလွန်ကြီးကျယ်ခမ်းနားသော ကြယ်ငါးပွင့်စားသောက်ဆိုင်ကြီးသို့ ဂျူးသည် အမာရာ့ကိုခေါ်လာခဲ့သည်။
ကြယ်ငါးပွင့်စားသောက်ဆိုင်သာဆိုသော်လဲ စားသံုးသည့်သူသည် သူတို့နှစ်ယောက်ကလွှဲပြီး တခြားသူရှိမနေခဲ့....."" ဟင် တစ်ယောက်မှလဲမရှိပါလား..."
" ဟုတ်တယ် ငါတစ်ဆိုင်လုံးကိုငှားထားတာ...."
အမာရာသည်အံ့ဩသွားကာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
" ဒီ!!....ဒီဆိုင်ကြီးတစ်ခုလုံးကိုငှားထားတာဟုတ်လား....."
ဂျူးသည် မထူးခြားသည့်ပုံစံဖြင့်
" အမာရာက တို့ကိုအထင်ကြီးနေတာလား...ဒါတွေကတို့အတွက်မထူးခြားပါဘူး....တို့စိတ်ရှိရင်ဒီဆိုင်ကြီးကိုတောင်၀ယ်လိုက်လို့ရတယ်...."
အမာရာသည် ဂျူးအားနှုတ်ခေါင်းရူံ့ကာကြည်လိုက်ပြီးလေသံတိုးတိုးဖြင့်
YOU ARE READING
❣️my girl ❣️
Любовные романы"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."