Part (13)❣️ my girl ❣️

71 3 0
                                    


" ဟာ ဂျူးဒီနေ့ထူးထူးဆန်းဆန်းမနောက်ကျစဖူးနောက်ကျနေပါလား"

စတူဒီယို ထဲသို့၀င်လာသော ဂျူးနှင့်အမာရာတို့ကို ဒါရိုက်တာမှ ပြောလိုက်ခြင်းဖြစ်သည်။

" ဟုတ် ကိစလေးတစ်ချို့ရှိလို့ ဒီနေ့ကျွန်မ နောက်ကျသွားတယ်"

ဒါရိုက်တာမှ ဂျူးဧ။်ပုခုံးကို ကိုင်လိုက်ရင်း

" ရပါတယ် ဂျူးရယ် တစ်ခါတစ်လေမှနောက်ကျတာဆိုတော့ ဘာမှမဖြစ်ပါဘူး... ပြီးတော့လဲ နာရီ၀က်လောက်ပဲနောက်ကျတဲ့ဟာ ကိစမရှိပါဘူး"

အမာရာ သည် ဂျူးကိုသေချာ သတိထားကြည့်မိလိုက်သည်။ တစ်ခြားသူက ဂျူး၏အသားကို ကိုင်တော့ ဂျူးရုန်းခြင်း၊မဲ့ခြင်းမရှိပေ။အသာတကြည်နေလေသည်။ထို့ကြောင့် အမာရာ နှုတ်ခမ်းအနည်းငယ်စူသွားကာ

" ဟင်း ငါ့ကိုကြတော့ အသားချင်းအထိမခံဘူးလေးဘာလေးနဲ့" ဟုတွေးလိုက်လေတော့သည်။

" ဟယ် ဂျူး မင်းနဖူးက ရဲပြီးယောင်နေတာပဲ ဒီနေ့ရိုက်ကွင်းက မင်းသားနဲ့တွေ့ရမဲ့အခန်းနော် ရိုက်လို့ဖြစ်ပါ့မလား"

အမာရာ၏ နဖူးသည် ကြပ်ပူထိုးထား၍ သိပ်မရောင်တော့ပေ။သို့သော်ဂျူး၏ နဖူးမှာ သိသာစွာရဲနေခဲ့သည်။

ဂျူးသည် အမာရာ့ဘက် မျက်စောင်းတစ်ချက်ထိုး၍

" ရပါတယ် ... ဂျူးမိတ်ကပ်နည်းနည်းဖို့လိုက်ရင် သိပ်မသိသာတော့ပါဘူး"

အမာရာ မှာ သူမအပြစ်မှန်းသိ၍ ခေါင်းငုံ့သာနေတော့လေသည်။

******************

"အမာရာ နင် ဒီနား‌ေနခန်းထဲက ထိုင်ခုံမှာသာ ထိုင်စောင့်နေ ... ငါရိုက်ကွင်းထဲသွားလိုက်ဦးမယ်"

" ဟင် မမလေးကလဲ အမာရာက မမလေးကိုကူညီပေးဖို့လိုက်လာတာလေ
... အေးဆေးထိုင်စောင့်နေဖို့မှ မဟုတ်တာ"

ဂျူးသည် အမာရာ အား မျက်မှောင့်ကျုံ့ကြည့်လိုက်ပြီး

" နင် တော်တော်....."

ဂျူး၏ စကားပင်မဆုံးသေး နားနေခန်းထဲသို့ ရိုက်ကွင်းမှလူတစ်ယောက်၀င်လာလေသည်။

❣️my girl ❣️Where stories live. Discover now