Part (9) ❣️ my girl ❣️

87 2 0
                                    


       "   အမာရာ ရေ နင်အထဲကိုသွားသင့်ပြီထင်တယ်နော်.. ရှစ်နာရီထိုးတော့မယ်"
"ငါလဲကျောင်းသွားရဦးမယ် ... ကျောင်းချိန်နီးနေပြီ "

      " အေးပါဟယ် ငါလဲ၀န်ထမ်းတွေလိုက်နာရမယ့် အချက်ခြောက်ချက်ကို ကျက်နေဦးမိုလို့ပါ... ပြီးရင်သွားတော့မှာပါ"

     " အေးအမာရာ အဲ့တာဆို ငါကျောင်းသွားတော့မယ်နော် အမာရာ"
 
    " အေးပါ"

      အမာရာသည် taxi ကားထဲသို့၀င်သွားသော ချစ်မင်းသူကို နှုတ်ဆက်ပြီးသည်နှင့် မျော်လင့်ချက်သက်ပြင်းရှည်ကြီးချလိုက်‌သည်။

                  *******************

          အင်တာဗျူးရန်စောင့်နေကြသော လူတန်းရှည်ကြီးနောက်တွင် အမာရာ သည် ရသမျှဘုရားစာများရွတ်နေမိသည်။
အင်တာဗျူးအခန်းထဲ၀င်သွားသော သူများပြောသလောက်ကတော့ မေးသည့်မေးခွန်းတွေက လွယ်လွယ်လေးတွေဟု သိရသဖြင့် အမာရာ အနည်းငယ် စိတ်ချမ်းသာ မိသည်။

  
     " အမာရာ ဆိုတာဘယ်သူလဲရှင့်"

      အမာရာ သူမနာမည်ကိုခေါ်သံကြားလိုက်၍ အမြန်လက်ထောင်လိုက်ကာ

   " ကျွန်မပါရှင့်  အမာရာ ဆိုတာ"

     " ဟုတ် အင်တာဗျူးဖြေဖို့အလှည့်ရောက်ပါပြီ"

     အမာရာ သည် သူမအလှည့်ရောက်ပြီဟုသိရသောအခါ စိတ်လှုပ်ရှားလွန်း၍ လက်ဖျားများအေးစက်နေမိသည်။

        အမာရာ အခန်းထဲရောက်သောအခါ
အခန်းထဲတွင် သူမထိုင်ရန် ထိုင်ခုံတစ်လုံး
နှင့် တာ၀န်ရှိလူကြီးများဖြစ်ဟန်ရှိသော
အမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားသုံးယောက်ကိုတွေ့လိုက်ရလေသည်။

      ထိုအထဲမှ အသက်အနည်းငယ်ကြီးသော အန်တီကြီးတစ်ယောက်သည်

      " သမီး အဲ့ထိုင်ခုံမှာ ထိုင်လိုက်ပါ..
ပြီးတော့နာမည်လေး မိတ်ဆက်ပေးပါဦး"

   အမာရာကြောက်ကြောက်ဖြင့် ထိုထိုင်ခုံမှာထိုင်လိုက်ကာ

     " မဂ်လာပါရှင့် ... ကျွန်မနာမည်ကတော့ အမာရာ ပါရှင့် "

     အမာရာ ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်သော အခါတွင် အခန်းထဲမှ လူအချို့ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။

❣️my girl ❣️Where stories live. Discover now