"ဟဲ့အမာရာမထသေးဘူးလားနေဖင်ထိုးတော့မယ်"" နင့်အမေကငါ့ကိုယုံကြည်လို့အပ်ထားတာနော်... " ထတော့ဟစာကျက်တော့..."
အေးချစ်ခင်တစ်ယောက် စောင်ပုံထဲတွင်ကွေးနေသောသူမကို မရမကနိုးနေရသည်။ထိုအလုပ်သည် အေးချစ်ခင်အတွက်နေ့စဉ်အလုပ်လိုဖြစ်နေခဲ့သည်။
"ဟဲ့ အမာရာ ငါဒီလောက်ထိပြောနေတာတောင်မထသေးဘူးလား"
" မနက်ဖြန် စာမေးပွဲဖြေရမှာနော်... တော်တော်စာတွေရနေပြီပေါ့"
" ထပါပြီအမတော်ရယ် .. ညကဖုန်းကြည့်တာနည်းနည်းများသွားလို့ပါနော်"
" အခုပဲမျက်နှာသစ်ထမင်းစားပြီး စာကြည့်ပါတော့မယ် ရှင့်"အမာရာ အမဖြစ်သူကိုစနောက်ကာခြင်ထောင်ထဲကထွက်လာခဲ့သည်။ အမာရာ ဘ၀မှာ မိသားစုဆိုလို့ အမေရယ် အမအရင်းလိုချစ်ခင်ရတဲ့ အေးချင်ခင်ဆိုတဲ့အမသာရှိသည်။ ဖခင်မှာငယ်ရွယ်စဉ်ကတည်းကသေဆုံးသွားခဲ့သည်။
အမာ ရာသည်ကောလိပ်ကောင်းသူတစ်ယောက်ဖြစ်သည်။ရန်ကုန်လိုမြို့ကြီးတွင်တစ်ယောက်တည်းစိတ်မချ သဖြင့် မိခင်ဖြစ်သူက အမအရင်းလိုယုံကြည်စိတ်ချရသော အေးချစ်ခင် တို့မိသားစုနှင့်သာ ရန်ကုန်တွင်နေထိုင်ခွင့်ပြုခဲ့သည်။
အေးချစ်ခင်မှာလည်း မောင်နှမသားချင်းမရှိ၍ အမာရာလေးကိုသာ ညီမလေးတစ်ယောက်လိုချစ်ခင်ခဲ့သည်။
အမာရာအကြောင်းအနည်းငယ်ပြောရမည်ဆိုလျှင် ဘာမျှအားရစရာမရှိ ရည်မှန်းချက်မရှိသောကလေးမလေး တစ်ယောက်သာဖြစ်သည်။အမာရာသည် အသက်ကသာ 18 နှစ်ပြည့်သွားပြီ ဖြစ်သော်လည်း ကလေးစိတ်မကုန်သေးသောသူဖြစ်သည်။ ကောင်းသည့်အချက်လေးမှာ အခုထိ ရည်းစားထားသည့်အသံမကြားရသေးပေ။Phy ကျောင်းသူတစ်ယောက်ဖြစ်သောသူမသည် စာကိုမကြိုးစားပေ။ထို့ကြောင့် အေးချစ်ခင်သာ လိုက်လံ ထိန်းကျောင်းပေးနေရသည်။
" မမရေ မနက်စာကြီးက ကြက်ဥကြော်ကြီးလား " ...
" ဟဲ့ဒီကောင်မလေး ဂျီးများမနေနဲ့ ရှိတာနဲ့စားပါဦး"
" နင့်ကြီးကြီးမနက်က ငါတို့နှစ်ယောက်စားဖို့ဈေးသွား၀ယ်တာ ဆိုင်ကယ်တိုက်မိတော့မလိုဖြစ်သွားသေးတယ်"
" ဟယ် ဟုတ်လားမမ ... "
" ကြီးကြီးအခြေအနေဘယ်လိုနေသေးလဲဟင် "
" ပွန်းပဲ့ရုံလောက်ပါပဲ"
" အဲဒါကြောင့်ကြက်ဥပဲရှိတယ်အိမ်မှာ...."
" ဒီနေ့တော့သည်းခံစားလိုက်ပါ အမာရာ ရယ်"
" ဟုတ်ကဲ့ပါမမရဲ့ အမာရာ ဒီလောက်တော့သိတတ်ပါတယ်"
အမာရာ တစ်ယောက်ထမင်းစားရင်းတွေးနေမိသည်။သူ့လိုသွေးမတော်သားမစပ်တစ်ယောက်ကို အိမ်ပေါ်တင်ကျွေးပြီးကျောင်းပါထားပေးထားသည့် ဒီမိသားစုလေးကို သူကျေးဇူးတင်မိသည်။သူတို့စိတ်ချမ်းသာအောင် သူနေမည်ဟုလည်းဆုံးဖြတ်ထားသည်။********************
အခန်းထဲတွင်သူမတစ်ယောက်တည်း ဂယောက်ချောက်ချားလမ်းလျှောက်နေမိသည်။။အရာအားလုံးမှားယွင်းနေသလို ခံစားရသည်။တစ်မနက်မလုံးသူမခေါင်းထဲတွင် ဖိအားများခံစားနေရသည်။ထိုအချိန် အခန်းထဲကို လူတစ်ယောက်၀င်လာခဲ့သည်။ထိုသူသည် သူမကို တွေ့သည်နှင့် ၀မ်းသာအားရဖြင့်" ဂျူးရေဂျူး ငါ့မှာဟယ် နင့်ကိုရှာလိုက်ရတာ ဘယ်တွေရောက်နေတာလဲဟာ"
" ဒါရိုက်တာက အဆင်သင့်ဖြစ်ရင်စလို့ရပြီ တဲ့နော် ... အဲ့ဒါလာပြောတာ .."မန်နေဂျာဖြစ်သည့်သူ့သူငယ်ချင်းပြောတဲ့ စကားများသည် သူမနားထဲမရောက်ခဲ့ပါ။
သူမစိတ်တွေ ဂယောင်ချောက်ချားဖြစ်နေခဲ့သည်။ဘာတွေကစမှားမှန်းသူမ မသိခဲ့ပါ။
" ဂျူးရေ ဂျူး နင်အဆင်ပြေရဲ့လား"
" နင့်ကြည့်ရတာမူမမှန် သလိုပဲ "
ဂျူး သူ့ကိုမေးနေသော သူငယ်ချင်းကိုကြည့်လိုက်သည်။သူမ အခြေအနေကိုဆက်မထိန်းနိုင်မှန်းသိနေသည်။ဒါကြောင့်သူမ သူငယ်ချင်း လမင်းကို ကြည့်လိုက်လေသည်။
" လမင်း ငါ.. ငါ လိုအပ်နေပြီ .. ငါတစ်ကယ် လိုအပ်နေပြီ"
ဂျူး၏ စကားကြောင့် လမင်းမျက်လုံးပြူးသွားခဲ့သည်။" ဟင် နင်ထပ်ပြီးတော့ ဖြစ်နေပြန်ပြီလား"
သူငယ်ချင်းဖြစ်သူ၏ အမေးများကိုပြန်ဖြေဖို့ သူမမတတ်နိုင်တော့ ...
ဂျူးတစ်ယောက် ရေချိုးခန်းထဲ အပြေးသွားကာ သူမအိတ်ထဲမှ တစ်စုံတစ်ရာကို အသန်းအသန် ရှာနေမိသည်။နောက်ဆုံးအိတ်ကပ်ထောင့်လေးမှ ဆေးထိုးအပ် နှင့် ဆေးပြားအချို့ထွက်လာခဲ့သည်။သူမ ဆေးထိုးအပ်ဖြင့် သူမလက်ကိုထိုးသွင်းလိုက်ပြီးငြိမ်သက် နေခဲ့သည်။
လမင်းလည်းအနားကပ်လာကာ
" နင်အဆင်ပြေသွားပြီ မဟုတ်လားဂျူး"
" ဒါရိုက်တာကို နင်ဒီနေ့နေမကောင်းဘူးလို့ပြောလိုက်မယ်.. နားလိုက်တော့နော်"
လမင်း ဂျူးကိုထားပြီးထွက်သွားသည့် အချိန်ထိ ဂျူး ဘာမှပြန်မပြောနိုင်ခဲ့ အောင်မြင်မှုက သူမအားစားသံုးချင်းကိုခံနေရသည်။ သူမကို ကူညီမည့်သူဒီလောကမှာမရှိတော့ဘူးဟုခံယူထားခဲ့သည်။
အခုမှစရေးတာဖြစ်သည့်အတွက် အမှားပါရင် သည်းခံပေးကြပါ။လွတ်လပ်စွာဝေဖန်အကြံပေးနိုင်ပါသည်။☺️☺️
YOU ARE READING
❣️my girl ❣️
Romansa"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."