အမာရာ အိပ်ယာထဲတွင် အိမ်မပျော်ဘဲလူးလိမ့်နေမိသည်။ညနေကအကြောင်းကိုပြန်စဉ်းစားရင်း သူမရှက်မိနေသည် ။" ဟင်း .... ငါများနော် နမ်းတုန်းကတော့ ငါကဦးဆောင်နမ်းပြီးမှ အခုမှလာရှက်နေတယ်..."
အမာရာသည် ဂျူး၏ရှက်ကိုးရှက်ကန်းပုံစံလေးကိုပြန်မြင်ယောင်မိပြီး
" မမလေးရှက်နေတဲ့ပုံလေးကဘယ်လိုတောင်အသဲယားဖို့ကောင်းနေတာလဲကွာ ပါးလေးတွေကိုရဲလို့ ..... "
အမာရာသည် တစ်စုံတစ်ခုကို အေသအချာစဉ်းစားမိသွားလေသည်။
" ငါမမလေးကို တကယ်ချစ်မိသွားပြီလား.....ဒါပေမဲ့သူကမိန်းကလေးလေ... မိန်းကလေးချင်းကြိုက်မိပြီလား...."
အမာရာသည် ၀န်မခံချင်ပေမဲ့ အဲ့တုန်းက သူမရင်ထဲဂျူးအားရင်ခုန်မိသွားသည်တော့ ၀န်ခံရမည်ဖြစ်သည်။
အမာရာသည် စိတ်ဆုံးဖြတ်ချလိုက်ပြီး" ဟုတ်ပြီ.... မိန်းကလေးချင်းလဲဘာဖြစ်လဲ... အခုခေတ်မှာအဲ့လိုတွဲနေတဲ့သူတွေမှ အများကြီးပဲကို ငါ... ငါမမလေးကို ရအောင်လိုက်မယ်... သူငါ့ကိုပြန်မချစ်မချင်းငါလိုက်မယ်.... ဟီးစိတ်လှုပ်ရှားစရာကြီး..."
အမာရာသည် မနက်ဖြန်ဂျူးနှင့်တွေ့ရန်စိတ်ကူးယဉ်ရင်း အိပ်ပျော်သွားလေသည်။
**********************
အချိန်မှာ ည12နာရီကျော်ပြီဖြစ်၍ ပတ်၀န်းကျင်မှာ တိတ်ဆိတ်လျှက်ရှိသည်။ သုံးထပ်အိမ်ကြီး၏ အပေါ်ထပ်
ဝရန်တာပေါ်တွင် ဂျူးတစ်ယောက်တည်း လေညှင်းခံကာ ဝိုင်သောက်နေခဲ့သည်။
ပန်းနုရောင် ပါးပြင်လေးပေါ်တွင်မျက်ရည်ပူများစီးကျနေသော်လည်း မျက်နှာအမူအရာကတော့အေးစက်ခြင်းအပြည့်။ဂျူးဘ၀မှာ အောင်မြင်မှုေတွ၊ပိုက်ဆံတွေရှိသလောက် ချစ်ခြင်းတရားခေါင်းပါးခဲ့ရသည်။ယုံကြည်တဲ့သူတွေရဲ့သစ်စာ(မှတ်ချက်:ယူနီကုတ်ကြောင့်အမှားပါသည်😞)ဖောက်ခြင်းကိုလဲခံခဲ့ရသည်။
ဂျူးသည် တစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်ကာ သူမကိုစိတ်မချမ်းသာအောင်လုပ်ခဲ့သော လမင်း၏နောက်
ကြောင်းရာဇ၀င်ကို စုံစမ်းခိုင်းလိုက်သည်။ဝိုင်သောက်ရန် ပါးစပ်ဟလိုက်တိုင်း အောက်နှုတ်ခမ်းလေးမှာ နာကျင်နေရသဖြင့် ဂျူးဝိုင် ဆက်မသောက်နိုင်တော့။
နာကျင်မှုကြောင့် ဂျူသည် အမာရာကိုသတိရသွားခဲ့သည်။သူမနှုတ်ခမ်းကိုသွေးစို့အောင်လုပ်ခဲ့သော အမာရာကိုသူမ မမုန်းနိုင်။
" အို ငါသူ့ကို ရင်ခုန်နေမိတာလား.... မဖြစ်နိုင်တာ... ငါကသူ့ကိုမုန်းနေတာလေ.... ငါ.. ငါဘာဖြစ်လို့သူနမ်းတာကို ညိမ်ခံနေမိတာလဲ.... ငါတော်တော်တုံးတာပဲဂျူး၀တီသော် "
ဂျူးသည် သူမခေါင်းကိုသူမ ခပ်နာနာလပြန်ခေါက်ရင်း သူမ၏တုံးအမှုကို သူမကိုယ်သူမပြန်အပြစ်ပေးနေသည်။
" သို့သော် အမာရာနှင့် နမ်းခဲခြင်းကိုသူမ
ကြိုက်နှစ်သတ်ခဲ့သည်မှာအမှန်ဖြစ်သည်။
YOU ARE READING
❣️my girl ❣️
Romance"မ"က အမာရာ့ဘ၀မှာ ပထမဦးဆုံးအချစ်နဲ့အချစ်ဆုံးသူပါ..... အမာရာ "မ"ဆီကခွင့်လွတ်မှုကိုရဖို့ဆိုရင်လေ..."မ" အိမ်မှာကျွန်ပဲလာခံရ... အမာရာလုပ်မှာပါ..."