Part (12)❣️my girl ❣️

87 3 0
                                    

      
         အမာရာ သည် ဂျူးအားဆွဲကြိုး၀တ်ပေးပြီးနောက် အမာရာ သည် သူမတာ၀န်ပြီးသွားပြီဖြစ်၍ အေး‌အေးဆေးဆေး ထိုင်ခုံပေါ်တွင်ထိုင်နေလေသည်။

    "    အမာရာ အဲ့တာ ဘာထိုင်လုပ်နေတာလဲ"

    အမာရာ ပုခုံးတစ်ချက်တွန့်ပြလိုက်ကာ

   " အမာရာ့ အလုပ်ပြီးပြီလေ.. အဲ့တာကြောင့်ထိုင်နေတာ"

     အမရာ့ စကားကြောင့် ဂျူး၏ နက်မှောင်သော  မျက်ခုံးမွေးတစ်ဖက်သည် အလိုမကျစွာ နှာဖူးပြင်အပေါ်သို့ မသိသာတတ်သွားလေသည်။

   " အမာရာ နင့်တာ၀န်က ငါ့ကို အ၀တ်အစားကိစတစ်ခုပဲလုပ်နေပေးရမယ်ထင်လား"

       အမာရာ နားမလည်သည့်မျက်နှာဖြင့်
" အဲ့တာတစ်ခုပဲ မဟုတ်ဘူးလား"

     ဂျူးသည် အမာရာ့အားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး

    " ငါက နင့်ကိုအဲ့တာတစ်ခုတည်း အတွက် လစာ ဆယ်သိန်းတောင်ပေးထားစရာလား ... နည်းနည်းပါးပါး တွေးတောစမ်းပါ"

    အမာရာသည် ဂျူးပြောသည်မှာလဲ မှန်နေသည်ဖြစ်၍ မိမိ၏ တုံးအမှုကို မိမိဘာသာ ရှက်သွားကာ ခေါင်းငုံ့လိုက်လေသည်။

     " အဲ့တာဆို အမာရာ အခုဘာလုပ်ပေးရမလဲ မမလေး"

    " ငါ့နောက် ထပ်ကြပ်မကွာလိုက်ခဲ့"

     " ဟုတ်မမလေး"

    ဂျူးနှင့်အမာရာတို့နှစ်ယောက်သည် အိမ်အောက်ထပ်သို့ဆင်းလာသောအခါ
အိမ်ရှေ့တွင် အနက်ရောင်ကားကြီးတစ်စီးက အဆင့်သင့်စောင့်နေလေသည်။

     ဂျူးသည် အေးအေးဆေးဆေး ကားပေါ်သို့တတ်သွားကာ ကားနောက်ခန်းတွင်နေရာယူလိုက်လေသည်။

    အမာရာ သည် ကြောင်ပြီးရပ်ကြည့်နေသဖြင့်
 
     ဂျူး မျက်မှောင်ကျုံ့လိုက်ကာ

   " နင့်ကို ငါကကိုယ်တိုင်မပြီး ကားပေါ်တင်ပေးရဦးမှာလား"

     ဂျူးသည် သူမအား ကားပေါ်တတ်ခိုင်းနေမှန်းသိလိုက်၍

   " ရှင်! အမာရာ့ကို ကားပေါ်တတ်ခိုင်းတာလား .. ဟုတ်လာပြီ မမလေး"

❣️my girl ❣️Where stories live. Discover now