Ace Of The Dragon Divison
အခန်း ၉ - ရှောင်ဖို့ပဲ တတ်တာလားလီတဟွမ်သည် သေနတ်ကို စားပွဲပေါ်ချလိုက်ပြီး စီးကရက် တစ်လိပ် ထုတ်လိုက်သည်။
ထိုစဉ် ရှုချန်းက မီးခိုးငွေ့များကို မှုတ်ထုတ်ကာ မျက်လုံးများ မှေးလျက် ဆိုလိုက်၏။
"တကယ့် တိုက်ပွဲနဲ့ မကြုံဖူးတဲ့ တက်သစ်စလေးတွေပဲ လက်နှစ်ဖက် သုံးပြီး ပစ်ရတာ။ တိုက်ပွဲပေါင်း ရာနဲ့ချီ ဖြတ်ကျော်လာရတဲ့ စစ်ပြန်တွေကတော့ လက်တစ်ဖက်ပဲ လိုတယ်""သားလေး၊ နောက်ဆို မင်းအဖေကို လေးလေးစားစား ဆက်ဆံဖို့ မမေ့နဲ့"
ထို့နောက် စီးကရက်ကို မီးသတ်လိုက်ပြီး...
" မင်း ငါနဲ့ နေမယ်၊မနေဘူးကတော့ မင်းသဘောပဲ။ ဒါပေမဲ့ အိမ်ပြန်ရောက်ရင်တော့ အချိန်မီ ချက်ပြုတ်ပြီး သန့်ရှင်းရေး လုပ်ထားဖို့ မမေ့နဲ့"
ရှုချန်းသည် ရလဒ် ကြေညာသည်အထိပင် မစောင့်တော့ပဲ လှည့်ထွက်သွားသည်။ စစ်တပ်ထဲတွင် ရရှိခဲ့သော အတွေ့အကြုံများက သူ၏ စွမ်းဆောင်နိုင်စွမ်းကို ယုံကြည်မှု အပြည့် ရှိစေခဲ့၏။
"ဘယ်ကို ရှောင်ထွက်မလို့လဲ ။ အခုမှ ရှုံးတာကို ဝန်မခံရဲတော့ဘူးလား"
"လီတဟွမ် ရှင် ကိုယ့်ပေါင်ကို ပြန်လှန်ထောင်းနေတယ်ဆိုတာ သိလား။ ဒီထက်ပိုပြီး အရှက်မကွဲချင်ရင် ရှင့် ပါးစပ်ကို ပိတ်ထားလိုက်တော့"
ထို့နောက် ရှုချန်း၏ ပစ်မှတ်ဘုတ်ပြားကို စားပွဲပေါ်သို့ တင်လိုက်သောအခါ ...
"သူ့ရဲ့ ကျည်ခြောက်တောင့်လုံးက အနီဇုန်မှာ ကွက်တိပဲ။ စုစုပေါင်းဆို အမှတ် သုံးဆယ်။ ရှင့်ကို သေနတ် ဆင်တဲ့ နေရာမှာ ကျောသွားရုံတင် မကဘူး။ ပစ်တဲ့နေရာမှာပါ အနိုင်ပိုင်းသွားပြီ"
လီတဟွမ် သည် မျက်လုံး အဝိုင်းသားဖြင့် ဘုတ်ပြားကို မှင်သက်စွာ ကြည့်နေမိသည်။ သူ၏ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်သည်လည်း ထိုနည်းလည်းကောင်း ပါးစပ် အဟောင်းသားဖြင့် ဆွံ့အသွားကြ၏။ စက္ကန့် အနည်းငယ် အကြာတွင်...
"သေစမ်း၊ ဒီကောင် တကယ့် ဆရာကြီးပဲ။ သေနတ်ဆင်တာနဲ့ ကျည်ကုန်ပစ်သွားတာ ၃ စက္ကန့်ပဲ ကြာတယ်။ ပစ်မှတ်နဲ့လည်း တစ်ချက်မှ မလွဲဘူး။ တကယ့် မယုံနိုင်စရာပဲ"
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...