နတ်နဂါးစစ်သည်
အခန်း ၂၉၁
(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
ဂျက်ကော့ က ရှုချန်းမျက်လုံးမှ တစ်ဆင့် ရှုပ်ထွေးနေသည်ကို တွေ့သောအခါ အကြမ်းဖျင်း ရှင်းပြလိုက်သည်။
"အခု ငါပြောနိုင်တာကတော့... မင်း ခန္ဓာကိုယ်ထဲက တခြား မျိုးကွဲဗီဇတွေ ကောင်းကောင်း ပေါင်းစည်း နေနိုင်တာက ရေပိုးကောင် ရဲ့ မျိုးရိုးဗီဇကြောင့်ပဲ... ရေပိုးကောင် ဆိုတဲ့ အကောင် သေးသေးလေး အကြောင်း ပြောပြမယ်... အဲဒီ အကောင်လေးက ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေမှာလည်း နေထိုင်နိုင်တယ်... အဲလို နေထိုင်နိုင်ရတဲ့ အကြောင်း အရင်းကတော့ သူ့ရဲ့ ကိုယ်ပိုင် ဗီဇတစ်ခု ဖြစ်တဲ့ လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်း အားကောင်းလို့ပဲ... လူသား မျိုးရိုးဗီဇက တစ်သီးတစ်သန့် ဖြစ်တယ်... အဲဒီ ဗီဇက သန္ဓေပြောင်းသွားတာ ဖြစ်ဖြစ် ထိခိုက်သွားရင်ဖြစ်ဖြစ် ငါတို့ သေသွားလိမ့်မယ်... တခြား တိရိစ္ဆာန်တွေလည်း အဲဒီ အတိုင်းပဲ... ဒါပေမဲ့ ရေပိုးကောင် မျိုးရိုးဗီဇရဲ့ (၁၈) ရာခိုင်နှုန်းလောက်က တခြား မျိုးနွယ်တွေနဲ့ ကွဲတယ်... ပြောချင်တာက သူတို့က ပတ်ဝန်းကျင်က တခြားမျိုးစိတ်ရဲ့ DNAကို လျင်လျင်မြန်မြန်ပဲ စုပ်ယူလိုက်တယ်.. အဲဒါကလည်း သူ့ကို ပတ်ဝန်းကျင် အသစ်မှာ ကောင်းကောင်း နေနိုင်အောင် ကူညီပေးလိုက်တာပဲ... ပြီးတော့ သူတို့က ပြင်ပ မျိုးရိုးဗီဇတွေကို တခြား ဗီဇ အဖွဲ့ကွဲတွေ အဖြစ် ခွဲခြား နိုင်တယ်... အဲဒါက မင်းခန္ဓာကိုယ်ထဲမှာ တခြား မျိုးစိတ်ကွဲ တွေရဲ့ မျိုးရိုးဗီဇ အများကြီး တည်တည်ငြိမ်ငြိမ် ပေါင်းစပ်နေနိုင်ရတဲ့ အဓိက အကြောင်းရင်းကြီးပဲ... ဒီဗီဇ သွေးရည်ကြည်ထဲမှာ ရေပိုးကောင် ကို ထည့်လိုက်တာက လုံးဝ ပြီးပြည့်စုံတဲ့ အကြံပဲ... လုံးဝ ဉာဏ်ကြီးရှင်ပဲ.... "
ဂျက်ကော့ က ပြောနေရင်းဖြင့် အပျော်လွန်ကာ ထိုဉာဏ်ကြီးရှင် ကို ရှန်ပိန် တစ်လုံးပင် ဖောက်ကာ ဂုဏ်ပြုလိုက်ချင်သည်။
ထို သိပ္ပံအသုံးအနှုန်းများကို ရှုချန်း သိပ်နားမလည် ပေ။ ထို့နောက် သူ့ ခန္ဓာကိုယ်မှ ကုသပြီးသွားသော ဒဏ်ရာများကို ကြည့်ကာ မေးလိုက်သည်။
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...