နတ်နဂါးစစ်သည်
အပိုင်း ၃၇
( ပြဿနာဒုတ်ထိုးရှာသူ )ကာစီနိုရုံရှိ လသာဆောင်တစ်ခုပေါ်တွင် သက်လတ်ပိုင်းအရွယ် လူကြီးနှင့် မန်နေဂျာတို့ အတူတကွ ထိုင်နေကြ၏။ မန်နေဂျာက လွန်စွာ ရိုသေလေးစားသော အမူအရာနှင့် သက်လတ်ပိုင်းအရွယ် လူကြီးအတွက် လက်ဖက်ရည် လောင်းထည့်ပေးနေသည်။
လူကြီးက အနီးနားမှ အစောင့်တစ်ဦးအား "မိနစ်နှစ်ဆယ် ရှိသွားပြီ။ အဲဒီကောင်လေးရဲ့ ပိုက်ဆံတွေ အကုန်ဆုံးရှုံးသွားပြီလား" ဟု မေးမြန်းလိုက်သည်။ရှူချန်းအား အချိန်ပြည့် စောင့်ကြည့်နေသည့် အစောင့်က အနားသို့ ရောက်လာပြီး "အကြီးအကဲ ဆန်း (ဆန်း - သုံး (အကြီးအကဲ သုံး)) အဲဒီကောင်လေးရဲ့ ကံတရားက တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ" ဟု ပြန်ဖြေလိုက်သည်။
အကြီးအကဲဆန်းက သောက်လုဆဲဆဲ လက်ဖက်ရည်ခွက်ကိုချရင်း ပြန်မေးလိုက်၏။
"သူ အခု ဘယ်လောက် ရှိနေပြီလဲ""၁၀၀၀၀ ရှိနေပါပြီ"
"ကောင်းတယ်။ ၁ သောင်းရှိနေပြီပေါ့ "
"ကောင်းတယ်။ ၁ သောင်းကို ၁ သိန်းပြောင်းဖို့က လွယ်မှာ မဟုတ်ဘူး။ သူ အခု ဘယ်စားပွဲမှာလဲ"
"၂၂ ... အံစာတုံး ဂဏန်းစားပွဲမှာပါ"
အကြီးအကဲဆန်းက လက်ဖက်ရည်ခွက်ကို ချပြီး မိန့်ကြားလိုက်သည်။"အံစာတုံး ကစားတတ်တဲ့လူတစ်ယောက်ကို ရှာလိုက်"
အစောင့်က နားလည်ဟန်နှင့် ခေါင်းညိတ်ပြကာ ထွက်သွားလေသည်။စားပွဲနံပါတ် ၂၂ တွင်တော့ ရှူချန်းမှာ ထိုင်လျက် ရှိနေဆဲပင်။ သို့သော် သူ့နောက်မှ လိုက်ထိုးနေသော ထိုးသားအရေအတွက် နှစ်ဒါဇင်ကျော်ကြား ရှန်ယောင်ပင် နဘေးသို့ တွန်းထိုးခံနေရလေ၏။
"ရှင်တို့ ... မတွန်းကြနဲ့တော့လေ"
အနောက်မှ ဝိုင်းဝန်းတွန်းထိုးနေကြသည့် လူအများထဲတွင် ရှူချန်း၏ လောင်းကစားစွမ်းရည်အား ကြည့်ရှုလိုသည့် ပရိသတ်များလည်း ရောက်နေကြသည်။ ရှူချန်သည် ပွဲကို ၇ ကြိမ်တိုင်တိုင် အမှန်ကန်ဆုံး ခန့်မှန်းထားနိုင်သောကြောင့် ယခုလို စိတ်ဝင်စားနေရခြင်း ဖြစ်သည်။
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...