အခန်း ၃၃၀( ကျုပ်ကို ထွက်သွားခိုင်းတဲ့သူကို ဖြတ်ကန်ပစ်မယ်...)

88 2 0
                                        

အခန်း ၃၃၀

( ကျုပ်ကို ထွက်သွားခိုင်းတဲ့သူကို ဖြတ်ကန်ပစ်မယ်...)

လန်တင်းက လေသံမာမာဖြင့် ပြောနေသည်မှာ အော်နေသည့်အလားပင်။

"ကောင်းပြီ... မမလေးက လူလေးအမေဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောတယ်ဆိုတော့ ဒေါ်လေးတစ်ခါမှ ရောက်မလာခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ့မယ်... ပြန်သွားပြီး သခင်လေးက လွန်ခဲ့တဲ့ အနှစ်၂၀ထဲက ဆုံးသွားခဲ့ပြီလို့ လူလေးအမေကို ပြန်ပြောလိုက်မယ်... ဒါမှ သူချစ်တဲ့ ယောင်္ကျားနဲ့ ပြန်ဆုံနိုင်မှာ... ပြီးတော့ ဒီနေရာကို ရောက်လာရတာက လူလေးအမေရဲ့ တောင်းဆိုမှုကြောင့်ပဲ... နိုင်ငံခြားမှာ သူစုထားတဲ့ ငွေတွေရှိတယ်... ဒီငွေတွေနဲ့ လူလေးကို ဟွာရှက ထွက်သွားစေချင်တယ်... ရောင် မိသားစုက လူလေးကို ရှာနေတာမို့ ဂရုစိုက်ပါ..."

ထို့နောက် လန်တင်း လှည့်ထွက်သွား၏။

ရှုချန်းက မတ်တပ်ရပ်လိုက်ပြီး...

"ဖြစ်ခဲ့သမျှအားလုံးကို ပြောပြပါလား... ဘာမှအပိုမပြောနဲ့... မလီဆယ်နဲ့..."

လန်တင်း က တုံ့ကနဲရပ်လိုက်ပြီး...

"ဒါဆိုလည်း ပြောကြရအောင်လေ..."

ထမင်းစားခန်းထဲသို့ ဝင်လိုက်ပြီး ဆိုဖာပေါ်သို့ လန်တင်း ထိုင်လိုက်၏။ ရှုချန်းက လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ လန်တင်း ကို ပေးလိုက်၏။ သို့သော် လန်တင်း က လက်ကာပြလိုက်ပြီး...

"သခင်လေး ဒီလိုလုပ်ဖို့ မလိုပါဘူး..."

"ကျုပ်အဖေအကြောင်း သိချင်လို့ မဟုတ်ရင် ခင်ဗျားကို အိမ်ထဲဝင်ခွင့်ပေးမှာ မဟုတ်ဘူး..."

"သခင်လေးရဲ့ စိတ်ထားက တစ်ကယ့်ကို မမလေးနဲ့ တူတာပဲနော်... မမလေးကလည်း တကယ့်ကို အေးစက်စက်နဲ့ မာနအရမ်းကြီးတယ်... ဘယ်သူ့ကိုမှ မျက်နှာချိုမသွေးဘူး..."

"ကျုပ်အဖေအကြောင်း မပြောဘူးဆိုရင် ခင်ဗျား အခုထွက်သွားလိုက်..."

လန်တင်း က...

"ကြည့်စမ်း သွေးက စကားပြောတယ်ဆိုတာ ဒါပေါ့... တော်တော်လေးကို တူတာ..."

နတ်နဂါးစစ်သည်Where stories live. Discover now