နတ်နဂါးစစ်သည်
အခန်း ၈၃
( လှည့်စားမှု )“ပထမထပ် ဓာတ်လှေကားနားမှာ ဘယ်သူတွေရှိလဲ...”
“တပ်သား ၆ နဲ့ ၁၀...”
“ဒါဆိုရင် ဓာတ်လှေကားဘေးမှာ ဆံပင်နောက်လှန်စီးထားတဲ့ အသက် ၃၀ အရွယ် ယောက်ျား တယောက်ရှိတယ်... ကိစ္စတခုခုရှိလို့ ရဲတွေလာရင် ဓာတ်လှေကားကို နှောင့်ယှက်ဖို့တာဝန်ယူထားတဲ့သူ... သူလည်း လက်နက်ကိုင်ထားတယ်...”
လင်းပိုင်သည် ရှုချန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ ရှုချန်း နှုတ်မှ ထွက်လာသော အမိန့်တိုင်းသည် သူတို့ အဖွဲ့ဝင်တိုင်း၏ အသေးစိတ် အချက်အလက်များနှင့် ကွက်တိမှန်ကန်နေပေသည်။
ရှန်ယောင်နှင့် ယန်ကျင်းလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
တပ်သား ၆ နှင့် ၁၀ သည် ဓာတ်လှေကားဆီသို့ ရောက်သောအခါ ထိုင်နေသော အမျိုးသားကို တွေ့လိုက်ရ၏။ ထိုသူသည် သတင်းစာ ဖတ်ဟန်ဆောင်နေသော်လည်း တပ်သားတဦးက ရဲတံဆိပ် ပြလိုက်ပြီး တဦးက လက်ထိပ်ခတ်လိုက်တော့သည်။
ထို့နောက် ထိုသူ၏ ခါးမှ သေနတ်ကို ထုတ်ယူကာ “ဓာတ်လှေကားက ပစ်မှတ်ကို ရှင်းပြီးပါပြီ...”
ထိုအသံကြောင့် လင်းပိုင်မျက်နှာ ညိုမဲသွားသည်။ ရှုချန်းသည် သူမကို ပြုံးကြည့်ကာ “ငါတို့နဲ့ ကစားချင်သေးလား...”
လင်းပိုင် ဘာမှမပြောဘဲ ခေါင်းငုံ့လိုက်၏။
ရှုချန်းက ဆက်လက်၍ “လေးလွှာ ကော်ရစ်ဒါ အဆုံးမှာ ကုတ်အင်္ကျီရှည် ဝတ်ထားတဲ့ ယောက်ျားတယောက်ရှိတယ်... ဆံပင်ရှည်ကို စီးထားတယ်... သူက ငါတို့အခန်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ တာဝန်ယူထားတာ...”
ရှုချန်း၏ အမိန့်ကြောင့် တပ်သား သုံးဦး သွားရောက် စစ်ဆေးလိုက်ရာ ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး စီးကရက် မီးညှိနေသော မသင်္ကာဖွယ် အမျိုးသား တဦးကို တွေ့လိုက်ရသည်။
ထို့ကြောင့် တပ်သားတဦးက အနားသို့ ကပ်သွားကာ “အစ်ကို... မီးခြစ်ခဏ ငှားလို့ရမလား...”
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasíaနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...