နတ်နဂါးစစ်သည်
အခန်း ၁၃၃
( ငါ မင်းကို ရန်မစရဲတော့မှာ သေချာတယ်... )
"ရွေးချယ်စရာရှိတယ် ဟုတ်လား..."
ချန်းချင် မျက်လုံးမှိတ်ထား၏။
"ဒီလိုအချိန်မျိုးမှာ မင်း ပြောတာကို ဘယ်လိုလုပ်ယုံရမှာတုန်း... ငါ မင်းကို မသတ်ရဲဘူးထင်နေလား... အခုချိန်မှာ မင်းလူတွေ ခေါ်လိုက်ရင်တောင် ရောက်လာတဲ့အခါ မြေပြင်ပေါ်မှာ မင်းသေပြီး လဲကျနေတာကိုပဲ တွေ့ရလိမ့်မယ်..."
ရှူချန်းက "ကားထဲမှာပဲနေ.. အပြင်မထွက်နဲ့..."
ထို့နောက် ရှူချန်း ကားပေါ်မှာ ဆင်းလာလိုက်၏။ မှောင်မှောင်မည်းမည်း လမ်းကြားထဲရှိ လူသုံးဦးကို ကြည့်လိုက်ရာ ခါးတွင် သေနတ်များ ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည်။
"မင်းတို့ မသေခင်မှာ အရှေ့ပိုင်းတံခါးဝဂိုဏ်းကလား မှောင်ခိုဘဏ်ကလားဆိုတာ ပြောသွားဦး..."
ခေါင်းဆောင်ဟု ထင်ရသူက ဟွာရှဘာသာစကား မပီမသဖြင့် "မင်း ဘာတွေ မေးနေတာလဲ... ငရဲမင်းနဲ့တွေ့မှ မေးကြည့်လိုက်တော့..."
"ငါက စပ်စုတတ်တယ်... ငယ်ငယ်ကတည်းက ဘယ်ကိစ္စမဆို အဆုံးထိသိအောင် လုပ်ခဲ့တာ... မင်း ငါ့ကို မပြောရင် ငါ အေးအေးဆေးဆေး သေနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းရဲ့ လေယူလေသိမ်းကို ကြားရတော့ ငါ အဖြေသိလိုက်ပြီထင်တယ်... ငါ ထင်တာမမှားရင် မင်းတို့က ဝေ့နိုင်ငံ က ဖြစ်လိမ့်မယ်... မင်းတို့က မှောင်ခိုဘဏ်နဲ့ မစ္စတာ ဟဲထျန်း ရဲ့လူတွေ မဟုတ်လား..."
"မြောက်ပိုင်းနဲ့ အနောက်ပိုင်းကို ဖြိုဖျက်နိုင်တာ ကံကောင်းလို့ပဲ... မင်းလို အရည်အချင်းရှိတဲ့ လူကိုပါ ချန်းချင် ကိုသတ်ရင်း တစ်ခါတည်း သတ်လိုက်ရတာ ငါတို့ သိက္ခာမကျပါဘူး..."
"မင်းတို့ ချန်းချင် ကို ဘာလို့ သတ်ချင်တာလဲ..."
"မင်းဆီက ငွေသား တစ်ဘီလျံကျော် လိမ်သွားတဲ့ကောင်ကို အသက်ရှင်လျက် ထားမှာလား..."
ထိုအချိန်တွင် ကားထဲမှ ချန်းချင် ခေါင်းထုတ်လိုက်ကာ "ငါ့ရဲ့ကာစီနို လိုင်စင် လေးခုကျန်သေးတယ်... ဆက်ပြီးဆွေးနွေးရအောင်..."

YOU ARE READING
နတ်နဂါးစစ်သည်
Фэнтезиနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...