အပိုင်း ၃၂၈
( တောင်းပန်ရန် ခြိမ်းခြောက်ခံရခြင်း )
လီဟွေ့ သည် လီ ကုမဏ္ဏီ ၏ ဥက္ကဌ ဖြစ်၏။ ညနေပိုင်း အစည်းအဝေးအပြီး Bentley ကားဖြင့် အိမ်အပြန်လမ်းတွင် အရှေ့မှ ဆလွန်းကားတစ်စီး ရုတ်တရက် ပိတ်ရပ်လိုက်၏။
ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဆလွန်းကားပေါ်မှ ဆင်းလာပြီး လီဟွေ့ ၏ ကားမှန်တံခါးကို ခေါက်၍ ...
"ကျုပ်တို့ သူဌေးက ခင်ဗျားနဲ့ စကားနည်းနည်းလောက် ပြောချင်လို့..."
လီဟွေ့ က အလေးမထားချေ။ သူ့ကိုယ်ရံတော်ဖြစ်သလို ယာဉ်မောင်းလည်းဖြစ်သူကို ကားပေါ်မှဆင်းပြီး ပြောခိုင်းလိုက်၏။
"ခင်ဗျား ဘယ်သူလဲ..."
ဝတ်စုံပြည့် ဝတ်ဆင်ထားသူက ဘာမှပြန်မဖြေဘဲ ယာဉ်မောင်းကို ဆံပင်မှ ဆွဲကိုင်၍ ကားနောက်ခန်း ပြတင်းမှန်နှင့် ဆောင့်လိုက်၏။ ကားပြတင်းမှန် ကွဲသွားသလို ယာဉ်မောင်းလည်း သတိလစ်သွား၏။ ဝတ်စုံအပြည့်နှင့်လူက ကားတွင်းမှ လီဟွေ့ ကို ကြည့်ပြီး ...
"ကျေးဇူးပြုပြီး..." ဟု ပြောလိုက်၏။
အခြားရွေးချယ်စရာ မရှိကြောင်း လီဟွေ့ သိပေသည်။ ထို့ကြောင့် တံခါးဖွင့်လိုက်ပြီး ဆလွန်းကားဆီသို့ လျှောက်သွားလိုက်၏။
ဆလွန်းကားထဲ၌ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက ဒဲ့ပင် ပြော၏။
"မိန်းမတစ်ယောက်က ကိုယ့်ကိုဒုက္ခပေးတာ ယောက်ျားတစ်ယောက်အတွက် စိတ်ညစ်စရာ အကောင်းဆုံးပဲ... မစ္စတာ လီ... ရှင့် မိန်းမကို ဒီထက်ပိုပြီး သတိထားနေခိုင်းသင့်တယ်လို့ ကျွန်မ ထင်တယ်... ကျောက်ဆောင်ကို ကြက်ဥနဲ့ ပေါက်ဖို့ မကြိုးစားပါနဲ့... ဒီစကားက ရှင့်မိန်းမအတွက်တင် မကဘူး... ရှင့်အတွက်ရောပဲ... ပြီးတော့ ရှင်တို့ လီ မိသားစုထဲက ဘယ်သူမှလည်း တခြားသူကို မစော်ကားနဲ့... ရှင်တို့ လင်မယား ကြပ်ကြပ်သတိထား..."
အမျိုးသမီးက စကားခေတ္တရပ်လိုက်ပြီးမှ ...
"ကျွန်မ ပြောတဲ့အတိုင်း မလုပ်ရင် ရှင် ဒီကမ္ဘာကနေ အငွေ့ပျံပြီး ပျောက်ကွယ်သွားလိမ့်မယ်..."
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...
