နတ်နဂါးစစ်သည်
အခန်း ၈၂
( ငါ မင်းနဲ့ ကစားမယ်…)
ယန်ကျင်းအား မည်သို့ ရှင်းပြရမှန်း ရှုချန်း မသိချေ။“ သက်ရှိမှန်သမျှကို ငါ ထွင်းဖောက်မြင်ရတယ်… နင့်ရဲ့ နှင်းဆီနီရောင် ဘရာစီယာကိုတောင် ငါ မြင်ဖူးတယ်… “ ဟု ပြောရမည်လော။
ဆန့်ကျင်ဘက် အဆောက်အအုံမှ မှန်ပြောင်းဖြင့် ကြည့်နေသူသည် လင်းပိုင် ဖမ်းခံလိုက်ရသည်ကို မြင်လိုက်ရ၏။
ထို့ကြောင့် ခေါင်းဆောင်အား “ လင်းပိုင်ကို သူတို့ ရိပ်မိသွားပြီး ဖမ်းလိုက်ပြီ “ ဟု ချက်ချင်း သတင်းပေးလိုက်သည်။
ခေါင်းဆောင်ဖြစ်သည့် မျက်နှာ အမာရွတ်ရှိသူ အတန်ငယ် နှုတ်ဆိတ်သွား၏။ ထို့နောက် သေနတ်တလက် ကောက်ကိုင်ကာ “ အားလုံးပဲ ရှုချန်း အခန်း အပြင်ဘက်မှာ ဆုံကြမယ်… “
“ ခေါင်းဆောင်… ဘာလုပ်မလို့လဲ… “
“ ငါတို့ မစ်ရှင် မအောင်မြင်တော့ဘူး… အခုအဖမ်းခံလိုက်ရတဲ့ သူတွေက ရာဇဝတ်မှု အကြီးတွေပါ စွဲချက်တင်ခံထားရတော့ ဖမ်းမိရင် သေတဲ့အထိ ထောင်ထဲက ပြန်ထွက်ရတော့မှာ မဟုတ်ဘူး… ဒါကြောင့် သွားကယ်ရမယ်… “
ခေါင်းဆောင်သည် ပြောပြောဆိုဆိုဖြင့် လင်းပိုင်၏ နားကြပ်ဆီသို့ ...
“ ခေါင်းဆောင် ယန်… ကျုပ်တို့ ညှိရအောင်… “လင်းပိုင်၏ သူနာပြု ဝတ်စုံအတွင်းရှိ နားကြပ်မှ အသံတိုးတိုးလေး ထွက်ပေါ်လာ၏။ ယန်ကျင်း ရှာယူလိုက်ကာ...
“ ရှင် ဘယ်သူလဲ… ““ ကျုပ် ဘယ်သူဆိုတာ အရေးမကြီးဘူး… ကျုပ် လူ သုံးယောက်ကို ခင်ဗျား ဖမ်းထားတယ်… သူတို့ကို လွှတ်ပေးရင် ကျုပ်တို့ မစ်ရှင်ကို ဖျက်သိမ်းပေးမယ်… “
ယန်ကျင်း ရယ်မောလိုက်ကာ ...
“ ဖမ်းမိထားတဲ့ တရားခံကို ပြန်လွှတ်ပေးတဲ့ ရဲ မြင်ဖူးလို့လား… သူတို့ အဖမ်းမခံရစေချင်ရင် ရှင် အစကတည်းက မစ်ရှင်ကို သေချာ ကြီးကြပ်ပေးလေ… ““ ဆေးရုံမှာ လုပ်ရတဲ့ မစ်ရှင်မို့ အရမ်းကြီး အပြင်းအထန် မလုပ်တာ… ဒါပေမဲ့ ကျုပ်တို့ရဲ့ လုပ်နိုင်စွမ်းက ဒီထက် ပိုတယ် ဆိုတာ မမေ့နဲ့… ခင်ဗျားကို အခွင့်အရေးပေးနေတာ… ကျုပ်တို့ လူတွေကို လွှတ်ပေးလိုက်.. မဟုတ်ရင် ဆေးရုံအထိ လာပြီး ခင်ဗျားတို့ကိုပါ ကျုပ်တို့နဲ့အတူ ငရဲကို ခေါ်သွားမယ်… “
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...