နတ်နဂါးစစ်သည်
အခန်း ၁၈၁
( ထပ်ပြီးတော့ ရှုချန်းပဲလား... )
တွင်းထဲ၌ ရှုချန်း ပုန်းအောင်းလိုက်ပြီး တွင်းဝကို သစ်သားပြားဖြင့် ဖုံးအုပ်ကာ ၎င်းအပေါ်မှ မြေကြီးနှင့် မြက်ပင်များ ပြန်လည် ဖုံးအုပ်လိုက်၏။ အကယ်၍ တစုံတဦးက တွင်းကို နင်းမိလျှင်ပင် သစ်သားပြား ခံနေ၍ အောက်သို့ ပြုတ်ကျမည် မဟုတ်ချေ။
မီတာ ၁၀၀ခန့် အကွာတွင် ဟူပင်း၏ အဖွဲ့သားများ ပေါ်လာသည့်အတွက် ရှုချန်းက နားကြပ်မှတဆင့်...
"သူတို့အားလုံး ဒီမှာရှိတယ်... စုစုပေါင်း၁၅ယောက် ငါတို့ စီစဉ်ထားတဲ့အတိုင်းပဲ သူတို့အားလုံး အလယ်လမ်းကနေ တည့်တည့်တက်လာကြတယ်..."
ဝေ့ယွမ် က...
"ဒီအတိုင်းဆို ဟူပင်းက တကယ့်ငပိန်းပဲ...ဒါ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်တဲ့ ပုံစံလား... သူတို့ကို စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ထိခိုက်သွားမှာ မဖြစ်စေချင်ဘူး... ဒါပေမဲ့လည်း အနည်းတော့ ငါ့ အရည်အချင်း တချို့တဝက်ကို ပြရမယ်... ငါတို့ ဝိုင်းတိုက်လို့ သူတို့အဖွဲ့ ဖရိုဖရဲဖြစ်သွားတာ မြင်ရင် သိပ်တော့ပျော်မိမှာ မဟုတ်ဘူး..."
ရှုချန်းက...
"မင်း အရမ်းတွေ စိတ်ကူးယဉ် လွန်မနေနဲ့... ဟူပင်းက အဲ့လောက်မတုံးဘူး..."
လောင်ရှုဟန် က...
"ရှုချန်း... မင်းသာ ဟူပင်းနေရာမှာဆိုရင် အလယ်လမ်းကို သွားချင်တဲ့အခါ ဘာလုပ်မလဲ..."
"ငါ့နောက်ကနေ စနိုက်ပါတွေ ကာဗာ ထားမယ်... ဒီလိုမှ ရှေ့မှာ တခုခုဖြစ်ရင် ပြန်ဆုတ်ဖို့ လွယ်မှာ... စနိုက်ပါသမားကလွဲပြီး ငါတို့ရဲ့ သေနတ်တွေက ဝေးဝေး မပစ်နိုင်ဘူး... ဒါကြောင့် ထိထိရောက်ရောက် ပြန်တိုက်နိုင်မှာ မဟုတ်ဘူး... စနိုက်ပါ ကာဗာယူထားပေးမှဖြစ်မှာ..."
ဝေ့ယွမ် က...
"ဒီတိုက်ပွဲမှာ ဘာလို့ ငါတို့က ခြုံခိုနေရတာလဲ..."
" အလယ်လမ်းမှာ ငါ တစ်ယောက်တည်း နေလို့ မင်းတို့ ခြုံခိုရတာလေ... ဒီကောင်တွေ အလယ်လမ်းမှာပဲ ရှိနေဖို့ မင်းတို့အားလုံး ဘေးတစ်ဖက်တစ်ချက်စီကနေ အာရုံစိုက်ကြ... ဒီကောင်တွေ ရှေ့ကိုတက်သွားတာနဲ့ ငါက သူတို့နောက်ကို အလိုလိုရောက်သွားလိမ့်မယ်... အကုန်လုံး မျက်စိရှင်ရှင်ထားကြ... ငါ့နေရာကို သူတို့ကျော်သွားတာနဲ့ စပြီးလှုပ်ရှားကြမယ်..."

YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...