အခန်း ၃၁၆ + ၃၁၇( ဖျက်သိမ်းခံလိုက်ရသော ဂျိူကာကတ်လေး )

38 1 0
                                        

အခန်း ၃၁၆

( ဖျက်သိမ်းခံလိုက်ရသော ဂျိူကာကတ်လေး )

လင်ချူရွယ်သည် သူမ၏ လက်သီးဆုပ် သေးသေးလေးဖြင့် ရှုချန်းကို ထိုးရန် ချိန်ရွယ်လိုက်သည်။ သို့သော် ရှုချန်းက ရှောင်ရှားခြင်း မရှိဘဲ မျက်စိများ မှိတ်လျက် ထိုနေရာမှာပင် ရပ်မြဲအတိုင်း ရပ်နေလေ၏။ ရှုချန်း၏ အပြုအမူကြောင့် လင်ချူရွယ် တခစ်ခစ် ရယ်မောကာ ပါးပြင်လေးကိုသာ ဆွဲဆိတ်လိုက်တော့သည်။

"ဒီတစ်ခေါက် ငါနဲ့ လိုက်လာပေးခဲ့တဲ့အတွက် နင့်ကို ထမင်းတစ်နပ်လောက်တော့ ချက်ကျွေးရမှာပေါ့... ငါ မီးဖိုထဲဝင်ပြီး လုပ်စရာရှိတာတွေ လုပ်လိုက်ဦးမယ်... လိုက်မလာနဲ့နော်... "

ထို့နောက် မီးဖိုခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။

ရှုချန်းက အံ့ဩတကြီးဖြင့်...

"မင်းက ဟင်းချက်တတ်လို့လား... "

လင်ချူရွယ်က မီးဖိုချောင်ထဲမှ ပြန်အော်ပြောသည်။

"ငါ အိမ်မှာဆိုရင်လည်း ဂီတနဲ့ ပက်သက်တာပဲ လုပ်နေလိမ့်မယ်လို့ ထင်နေတာလား... ငါ အားရင် အားသလို ဟင်းချက်နည်းတွေလည်း လေ့လာပါတယ်ဟ... "

"ဟာ တကယ်ကြီးလား... မင်းသမီး လင်ချူရွယ်ရဲ့ ကိုယ်တိုင်ချက် ဟင်းတွေကို မြည်းရတော့မှာပေါ့... ငါ တော်တော် ကံကောင်းတဲ့ ယောကျ်ားပဲ... "

"ဟုတ်တာပေါ့... ငါ့ကို လက်ထပ်မယ့် သူကိုဆို နေ့တိုင်းတောင် ချက်ကျွေးဦးမှာ... "

ရှုချန်း...

"အိုးအိုး... ၃.၃ ဘီလီယံ ပေးလိုက်ရတာ တော်တော်တန်သွားပြီ... "

လင်ချူရွယ်...

"သေချာတာပေါ့... "

ထိုအချိန်တွင် တံခါးခေါက်သံ မြည်လာသည်။

လင်ချူရွယ်က မီးဖိုချောင်ထဲမှ ခေါင်းပြူကြည့်ကာ...

"တံခါးသွားဖွင့်လိုက်ဦး... "

ရှုချန်းသည် တံခါးမဖွင့်ခင်မှာပင် ပိုင်ရှန်း ဖြစ်ကြောင်း ကြိုသိနေပြီး ဖြစ်သည်။ ထို့ကြောင့် တံခါးကို အဆုံးထိ မဖွင့်သေးပဲ ခေါင်းသာ ထွက်ကြည့်လိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now