အခန်း ၃၂၂
( ငါနဲ့ လာကစားနေတာလား... )
ဤကမ္ဘာတွင် အမှန်တကယ် လုပ်ဆောင်ရမည့် အလုပ်တို့ ရှိ၏။
သင့်အမှား မဟုတ်သော်လည်း ဝိုင်းဝန်းပြစ်တင် အပြစ်ဖို့ကြခြင်းသည် သင့်ကို လူဆိုးတစ်ဦးသဖွယ် ဖြစ်အောင် လုပ်ဆောင်လိုက်ခြင်းပင်။
လှေကားမှ ဆင်းလာသော ရှုချန်းက ဂိမ်းတစ်ခု၏ နောက်ဆုံးအဆင့်သို့ ဝင်ရောက်လာသလို ခံစားမိသွားသည်။ လီဝေ ၏ မျက်လုံးများကို တည့်တည့် စူးစိုက်ကြည့်မိသည်။ လီဝေ မှာ အရပ် ၁.၈ မီတာ ရှည်သော်လည်း ရှုချန်းက ၁.၉ မီတာ ရှိသောကြောင့် အနည်းငယ် ပုနေ၏။ ရှုချန်းက လီဝေ ကို ကြည့်လိုက်ပြီး...
" ငါ မင်းကို ပြောပြမယ်... ပိုက်ဆံရှိရုံနဲ့ အရာအားလုံး ပိုင်ဆိုင်သွားတာ မဟုတ်ဘူး... ငါ့မျက်လုံးထဲတော့ တရားမျှတမှုထက် ဘာမှ ပိုအရေးမကြီးဘူး... ဒီနေ့တော့ မင်းကို လျော်ကြေးလည်း မပေးရုံတင် မကဘူး နားထောင်တတ်အောင်ပါ သင်ပေးမယ်... "
လီဝေ က...
" ဒါဆို ငါ့ကို ဘယ်လိုမျိုး သင်ခန်းစာ ပေးမှာလဲ... "
ရှုချန်းက အသံမာမာဖြင့်...
" အသင့်ပြင်ထားလိုက်လေ... "
လီဝေ နှင့် အခြားသူများ လန့်သွားကြသည်။
၎င်းကိုမြင်တော့ ရှုချန်းက အေးစက်စက်သာ ပြုံးလိုက်သည်။
" ထိလိုက်တာနဲ့ ကွဲကြေသွားမယ့် ကြက်ဥလိုကောင်တွေ... ခပ်ကြမ်းကြမ်းကောင်တွေနဲ့ တွေ့ရင် ပုစွန်လို ပျော့ဖတ်နေတဲ့ ကောင်တွေ ဖြစ်သွားလိမ့်မယ်... ငါက စစ်သားတစ်ယောက်ပဲ... ဒါကြောင့် ငါ့ကို တိုက်ခိုက်တာက စစ်သားအားလုံးကို စော်ကားသလိုပဲ... "
လီဝေ ဒေါသထွက်သွား၏။ ထို့ကြောင့် ရှုချန်းကို လျှပ်တပြက် လှမ်းကန်လိုက်သည်။ သို့သော် ရှုချန်းက အသာရှောင်တိမ်းပြီး လီဝေ ၏ ရွှေရောင်ဆံပင်ကို လှမ်းဆွဲလိုက်ပြီး လေထဲ ဝေ့ယမ်းပစ်လိုက်သည်။
ခန္ဓာကိုယ် တစ်ခုလုံး လေထဲ မြောက်တက်နေသလို လီဝေ ခံစားလိုက်ရသည်။ ဆံပင်ကို ဆွဲကိုင်ခံထားရသဖြင့် ဦးရေပြား တစ်ခုလုံး စပ်ဖျဉ်းနာကျင်နေသည်။ ဝှေ့ယမ်းခံနေရသဖြင့် သူ့ခြေထောက်များက သူ့ညီကိုများ၏ မျက်နှာကို ရိုက်မိနေကြောင်း ခံစားမိ၏။
YOU ARE READING
နတ်နဂါးစစ်သည်
Fantasíaနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...
