နတ်နဂါးစစ်သည်
အခန်း ၁၁၈
( ခြေရာခံခြင်း ကျဆုံးပြီလော... )ချန်းချင် ဖုန်းချပြီးနောက် ခြံထဲမှ ထွက်လာသည် ။ တဆက်တည်း သူ၏ သက်တော်စောင့် နေးလ် မောင်းနှင်သော မာစီးဒီးကားနှင့် မှောင်ခိုဘဏ်ဆီသို့ ဦးတည်လိုက်သည်။
သို့သော် သိပ်မကြာခင်မှာပင် ရဲကား တစ်စီးနောက်မှ လိုက်ပါလာသည်ကို မြင်ရ၍ “ဘော့စ်... နောက်က ကားထဲမှာ ရဲတစ်ယောက်ပါလာတယ်...”
ချန်းချင် က မျက်လုံးများကို မှိတ်ထားလျက်မှပင် “မျက်ခြေဖြတ်လိုက်...” ဟု ပြောလိုက်သည်။
ထို့ကြောင့် ယာဉ်မောင်းလည်း လီဗာကိုအဆုံးနင်းကာ အရှိန်တင်လိုက်၏။
မာစီးဒီးနောက်သို့ လိုက်၍မမီတော့ကြောင်း သိလိုက်သည့်အခါ လီချောင် သူ၏ အဖွဲ့ဝင်များထံသို့ လှမ်း၍ သတင်းပို့လိုက်သည်။
“ပစ်မှတ်က ဒုတိယပတ်လမ်းအတိုင်း မောင်းသွားတယ်... သူ့နောက်ကို လိုက်ကြ...”
လမ်းဆုံတွင် စောင့်နေသော အရာရှိက မာစီးဒီးကားကို မြင်လိုက်သည့်အခါ “ငါ သူ့နောက်လိုက်သွားမယ်...”
သို့သော် ထိုအချိန်တွင် ချန်းချင် သည် ရဲများကို မျက်ခြေဖြတ်ရန်အတွက် တက္ကစီ တစ်စီးပေါ်တွင် ရောက်နေလေပြီ။ သို့သော် သူ ပိုမို သတိထားလာခဲ့သည်။ တဆက်တည်း ကာစီနိုကို ချက်ချင်းဖုန်းဆက်လိုက်ပြီး.. “ဟယ်လို... ငါပါ ချန်းချင်... ငွေတွေကို ချက်ချင်းလွှဲလိုက်တော့... အခုချက်ချင်း အပြီးလုပ်... ငါတို့လုပ်ငန်း ပေါက်ကြားသွားနိုင်တယ်... အခုတောင် ရိပ်မိနေပြီလား မသိဘူး...”
ကာစီနိုအတွင်းမှ သခင်ကြီး ချင် က သူ့လူများကို မျက်မှောင်ကြုံကြည့်လိုက်ပြီး လေသံလေးလေးဖြင့်...
“ငွေလွှဲပေးလိုက်တော့... စာအုပ်ထဲကရော လက်ကျန်တွေရော အကုန်လွှဲ... တခြား ဧည့်သည်တွေကိုလည်း ထွက်သွားဖို့ သွားအကြောင်းကြား... ရဲတွေ သတင်းရသွားလောက်ပြီ.. ပြီးတော့ ဂျိုးဇက်ကို နိုင်သွားတဲ့မိန်းမကို သေချာစောင့်ကြည့်ထား... အဲ့ကောင်မ ပိုက်ဆံတွေနဲ့ ပျောက်မသွားစေနဲ့...”

YOU ARE READING
နတ်နဂါးစစ်သည်
Fantezieနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...