အပိုင်း ၂၉
( မထိန်းချုပ်နိုင်သော စွမ်းအားများ )ရှုချန်းမှာ ကြမ်းပြင်ပေါ်မှ ဖန်ကွဲစများကို ငေးကြည့်နေမိတော့၏။ ထို့နောက် သူ့လက်ဖဝါးကို ကြည့်လိုက်သည်။ မှန်ကွဲစများက သူ့အရေပြားထဲ စိုက်ဝင်နေသည်ကို တွေ့လိုက်ရ၏။ မှန်ကွဲစများကို ဖယ်ထုတ်ပြီးသည်နှင့် သူ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ ထို့နောက် မှန်ကွဲစများကို ကောက်ယူပြီး အသေအချာ စစ်ဆေးကြည့်လိုက်၏။
ဖန်ခွက်နှင့် ပတ်သက်၍ မည်သည့်ပြဿနာမှ သူ မတွေ့ရ။ လက်ရာရေ အရည်အသွေးပါ ကောင်းမွန်သည်။
သို့တိုင် သူ ဖမ်းကိုင်လိုက်ရုံနှင့် တို့ဖူးစလေးကဲ့သို့ အဘယ်ကြောင့် ကွဲကြေသွားရသနည်း။
ထို့အပြင် မကြာသေးခင်က ပြုတ်ထွက်ခဲ့သော တံခါးလက်ကိုင်ဘု ...
ရှုချန်း လက်ကိုင်ဘုကို ကြည့်လိုက်၏။ သံမဏိနှင့် အလူမီနီယံစပ်ဖြစ်၍ လက်တွေ့ကျကျ ပြောရလျှင် လွယ်လင့်တကူ ကျိုးပျက်နိုင်သည့် အရာ မဟုတ်ပေ။
သူ တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးရင်း လေ့ကျင့်ခန်းမှ ဧည့်ခန်းသို့ ပြန်လျှောက်လာလိုက်သည်။ '
ထိုအချိန်၌ ယန်ကျင်း နှင့် ရှန်ယောင် တို့နှစ်ဦး ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။
သီချင်းမြူးမြူး သီဆိုနေရင်း စာရွက်စာတမ်းများကို ကြည့်နေသည့် ယန်ကျင်း ပုံစံက ကြည့်ရသလောက် အဆင်ပြေသည်။ သို့သော် ရှန်ယောင် မှာ နှလုံးရောဂါ ရလာသည့်အလား ပြန်ရောက်သည်နှင့် ဆိုဖာပေါ် ကန့်လန့်ဖြတ် လဲချရင်း မျက်နှာကြတ်ကို စိုက်ကြည့်နေလေ၏။
တစ်ခုခု မှားယွင်းနေသလို ခံစားရသော်လည်း ရှုချန်းမှာ ဘာမှ မမေးဘဲ နှုတ်ဆိတ်နေလိုက်၏။ သူက ယန်ကျင်း ၏ အလုပ်စားပွဲရှိရာသို့ တိတ်တဆိတ် လျှောက်သွားလေသည်။ ပြီးလျှင် စားပွဲပေါ် လက်ထောက်ပြီး မေးမြန်းလိုက်၏။
"သူမ ဘာဖြစ်ခဲ့တာလဲ"
"ရာဇဝတ်သားတွေကို စုံစမ်းစစ်ဆေးဖူးတဲ့ ကျွန်မ အတွေ့အကြုံအရ ပြောရရင် သူမစိတ်မှာ ဒဏ်ရာ ကြီးကြီးမားမား တစ်စုံတစ်ခု ရသွားပုံပဲ"
ယန်ကျင်း က ပြန်ပြောလိုက်သည်။
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...