နတ်နဂါးစစ်သည်
အခန်း ၁၅၄
( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
စားသောက်အပြီးတွင် ရှုချန်းက လင်လဲ့ကို...
" ငါ့ အချိန်ဇယားတွေ ပြည့်နေလို့ မင်းနဲ့ ဆက်နေဖို့ အချိန်မရှိဘူး... အခု မင်းက လူကြီးလည်း ဖြစ်နေပြီဆိုတော့ မင်းကိုယ်မင်း ဂရုစိုက်ဦး... "
လင်လဲ့ ခေါင်းညိတ်၏။ သူ ငြင်းပယ်ခြင်း မပြု။
ထို့နောက် ရှုချန်း အလုပ်သို့ သွားမည် လုပ်သော်လည်း ဝမ်ချန်း ရောက်လာကာ၍ " ရှုချန်း " ဟု ခေါ်လိုက်မည်ကို မည်သူ သိနိုင်မည်နည်း။
ရှုချန်းလည်း ခြေလှမ်းများ ရပ်တန့်လိုက်ကာ လှည့်ကြည့်လိုက်ပြီး...
" စီနီယာ ဘာကိစ္စ ရှိလို့ပါလဲ... "
" ဒီလထဲမှာ စစ်ဒေသ ၃၆ ရဲ့ အဖွဲ့လိုက်နဲ့ တစ်ဦးချင်း စစ်ရေးပြလေ့ကျင့်မှု ပြိုင်ပွဲ ရှိတယ်... မင်း သွားချင်လား... စစ်ဒေသ ၁၃ ကို ဝင်ဖို့ ငါ မင်းကို အကြံပေးနိုင်တယ်... "
" အစ်ကိုကြီးက စစ်ဒေသ ၁၃ ကလား... "
ရှုချန်း ပြုံးကာ မေး၏။
ဝမ်ကျောက် ခေါင်းညိတ်လိုက်သည်။ ထို့အပြင် ယခင်က သူ မည်ကဲ့သို့ အစွမ်းထက်ခဲ့သည်ကို ရှုချန်း မယုံမည် စိုး၍...
" စစ်ဒေသ ၁၃ မှာ သွားမေးလို့ ရတယ်... အဲဒီမှာ ထိပ်တန်းတွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးတယ်... "
ဒီလူက သူ့ သိက္ခာကို အတော် ဂရုစိုက်တဲ့ သူပဲ ဟု ခံစားမိကာ ရှုချန်း ထပ်ပြုံးလိုက်၏။ ထို့နောက် ယဉ်ယဉ်ကျေးကျေးဖြင့်...
" အစ်ကိုကြီးရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအပေါ် ကျေးဇူးတင်ပါတယ်... ကျုပ်လည်း စစ်ဒေသ ၃၆ ရဲ့ စစ်ရေးပြ လေ့ကျင့်မှု ပြိုင်ပွဲကို သွားမှာလေ... ပြီးတော့ အနောက်ပိုင်းတံခါးဝဂိုဏ်း ကိစ္စကို မြန်မြန်ရှင်းချင်နေတာလည်း စစ်တပ်ထဲ ပြန်သွားနိုင်ဖို့ပါ... အိုး... ကျုပ်ပြောဖို့ မေ့နေတာ... ကျုပ်က စစ်ဒေသ ငါးကပါ... "
" စစ်ဒေသ ငါး... "
ဝမ်ကျောက် မျက်မှောင်ကြုံ့လိုက်၏။
YOU ARE READING
နတ်နဂါးစစ်သည်
Viễn tưởngနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...