နတ်နဂါးစစ်သည်
အပိုင်း ၂၅၂
( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
နောက်တစ်နေ့ရောက်သည်နှင့် ယမန်နေ့ အချိန်အတိုင်း မနက်ခင်း အပြေးလမ်းကျင့်ခန်းကို ရှုချန်း ပြုလုပ်လေ၏။ ပန်းခြံသို့ ရောက်သည်နှင့် ထိုက်ကျိသိုင်း ဆော့ကစားရင်း သူ့အား စောင့်ဆိုင်းနေသော အဘိုးအိုကို တွေ့လိုက်ရသည်။
မနက်ခင်း အပြေးလေ့ကျင့်ခန်းကြောင့် မောပန်းနေသော ရှုချန်းမှာ လက်ဖက်ရည်အနည်းငယ် သောက်ရန် ပြင်လိုက်သည်။ လက်ဖက်ရည်တစ်ငုံခန့် မော့သောက်ပြီးသော်လည်း အနည်းငယ် မကျေလည်သေးသော ဟန်ဖြင့် ...
"အဘိုး ... လက်ဖက်ရည်က ဘာဖြစ်တာလဲ"
အဘိုးအိုက နှာခေါင်းရှုံ့ရင်း "မင်းလို ကောင်စုတ်လေးက ဒါဟောင်ပေါင် လက်ဖက်ရည်ရဲ့ အရသာကို သက်သက်ဖြုန်းတီးနေတာလေ။ ဒါကြောင့် သာမန်လက်ဖက်ရည်ပဲ တိုက်ထားတာ။ ပြီးတော့ ဘာလက်ဖက်ရည်ပဲ ဖြစ်ဖြစ် မင်းဗိုက်ထဲရောက်သွားရင် အားလုံး အတူတူပဲ မဟုတ်လား"
ရှုချန်းလည်း လက်ဖက်ရည်နှစ်ခွက်ခန့် သောက်ပြီးမှ အနားယူရန် ထိုင်ချလိုက်သည်။ ထို့နောက် အဘိုးအိုအား အတန်ကြာ ကြည့်ရှုနေပြီးမှ တစ်စုံတရာအား သိချင်လာဟန်ဖြင့် "ထိုက်ကျိသိုင်းက တကယ် အသုံးဝင်လို့လား" ဟု မေးမြန်းလိုက်သည်။
အဘိုးအိုက "အသုံးဝင်၊ မဝင်က မင်းရဲ့ စိတ်နေစိတ်ထားပေါ် မူတည်တာပေါ့။ မင်းနှလုံးသားက ထက်သန်နေပေမယ့် မင်းစိတ်က မတည်ငြိမ်ဘူးဆိုရင်တော့ ဘယ်လောက်ပဲ လေ့ကျင့်ပါစေ ... အသုံးဝင်မှာ မဟုတ်ဘူး။ ထိုက်ကျိသိုင်း ဆိုတာ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ် အမျက်ဒေါသတွေကို ထိန်းချုပ်နိုင်တဲ့ ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်နိုင်တယ်ကွ"
ကျင့်စဉ်တစ်ကြိမ် လှည့်ပတ်ပြီးသည့်နောက် အဘိုးအိုက လက်များကို ပြန်ရုတ်ရင်း ရှုချန်းအား ကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုလဲ။ မနေ့က ငါ လေ့ကျင့်ပြတဲ့ လက်သီးကွက်တွေကို ထပ်ကြည့်ချင်သေးလား"

YOU ARE READING
နတ်နဂါးစစ်သည်
Viễn tưởngနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...