နတ်နဂါးစစ်သည်
အခန်း ၁၈၄
( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
ဟူပင်း ဆေးရုံတင်လိုက်ရသည်။
သူဆေးရုံတက်ရသော အကြောင်းအရင်းကို လျှို့ဝှက်မထားနိုင်သည့်အတွက် ပထမရက်မှာပင် လေ့ကျင့်ရေး၌ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် အားလုံးကို စစ်ဒေသတခုလုံးသို့ ပျံ့နှံ့သွားတော့၏။
ထိုအဖြစ်အပျက်ကြောင့် စီနီယာ စစ်သားများက လက်ခုပ်လက်ဝါးတီးကာ အားပေးချီးမြောက်နေကြသလို လူသစ်ကလေးများအနေနှင့်လည်း တစ်ချိန်က ထိပ်တန်းစစ်သည်တော် သုံးဦးအအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပိုမိုနားလည် လာကြ၏။
ဝေ့ယွမ် ပြောသည့်အတိုင်းပင် သူဌေးမှ သူဌေးဖြစ်၍ အဖေမှ အဖေ ဖြစ်ဆဲပင်။ ကျားမှာအပြင်သို့ ခေတ္တ ထွက်သွားသော်လည်း ပြန်လာသည့်အခါ မာန်တက်နေသော မျောက်ကလေးကို ကိုင်ပေါက်၍ ပညာပေးခဲ့၏။
ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရသော စီနီယာ စစ်သားများနှင့် စစ်သားသစ်ကလေးများအား စာတစ်ကြောင်းထဲဖြင့် ပုံဖော်ခိုင်းပါက ကျားတစ်ကောင်ကို အနိုင်ယူရန် ကြိုးစားနေသော မျောက်တစ်ကောင်ဟု ဆိုကြပေမည်။
"မပြောစမ်းပါနဲ့ကွာ... ဟူပင်း လုံးဝ ပြန်မတိုက်နိုင်ဘူး... တစ်ချိန်လုံး သူကပဲ စတိုက်ပြီး သူပဲ ခံနေရတာ... အစပိုင်းတော့ ခေါင်းဆောင်ရှုက သူ့ကို ဖြေးဖြေးပဲ ပြန်ချသေးတယ်... ဒါပေမဲ့ နောက်ပိုင်း ဟူပင်းက သတ်ဖို့အထိ လုပ်လာတော့ ခေါင်းဆောင်ရှုက ခပ်ပြင်းပြင်း လုပ်လိုက်ပုံပဲ... ဒါ့ကြောင့် ခြေထောက်ကျိုးတာထင်တယ်..."
"သူ့ခြေထောက်ကို ဘာနဲ့ချိုးလိုက်တာလဲ..."
"လက်နဲ့ပဲ ဒီတိုင်း ခုတ်ချလိုက်တာ... လက်သာ ပြောတာ သံအတိုင်းပဲ တော်တော်မာတယ်... ခေါင်းဆောင်ရှုရဲ့ လက်နဲ့ထိတဲ့ အချိန်မှာ ဟူပင်း ခြေထောက်တစ်ခုလုံး ပျော့ခွေသွားပြီး ထတောင်မထနိုင်တော့ဘူး... အဲဒါနဲ့ ဒီကောင့်ကို ဆေးရုံ ထမ်းပြီး တန်းပို့လိုက်ရတာပဲ..."
"ရှင်းရှင်း ပြောရရင် သူတို့ နှစ်ယောက်က အဆင့်မတူဘူး... ရှုချန်းက ဒီအတောအတွင်း လာမှမတိုက်ဘဲ နေခဲ့လို့သာ..."
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasiနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...