နတ်နဂါးစစ်သည်
အခန်း ၂၂၅
(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
ထိုက်ချီက လျူဝေ၏ စကားများကို မယုံနိုင်ချေ။ သူက သံသယအကြည့်ဖြင့် ကြည့်ကာ ထပ်မေးသည်။
"မင်းတို့ စစ်ဒေသရဲ့ လှည့်ကွက်လား.. ငါတို့ကို သတိပေါ့လျော့အောင် လုပ်ပြီး ချောင်းတိုက်ချင်တယ်ပေါ့.. ငါမင်းကို ယုံမယ်များ ထင်နေလား.. ပြီးတော့ နှစ်တိုင်းနှစ်တိုင်း ဘယ်စစ်ဒေသက ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ ငါမလေ့လာထားဘူးများ ထင်နေသလား.. ငါ့ကို အံ့ဩအောင် လုပ်နိုင်တဲ့ ဖျက်မြင်းဆိုတာ မရှိဘူး.. ဖျက်မြင်းတွေ ပါခဲ့ရင်တောင် ငါ့အတွက်တော့ အလကားပေးတဲ့ ရမှတ်တွေပဲ.."
လျူဝေက ပြန်ပြောသည်။
"မင်း စစ်ဒေသ(၅) နဲ့ ရင်းနှီးလား.."
"စစ်ဒေသ(၅) ဟုတ်လား.." ထိုက်ချီက ခတ္တမျှ စဉ်းစားရင်း မျက်မှောင်ကြုတ်ကာ ပြောသည်။
"လူရွှင်တော် သုံးကောင်လား.. ရဲချူနဲ့ ဝမ်အန်ကို ထုတ်လိုက်တဲ့ သူက စစ်ဒေသ(၅)က လို့တော့ မပြောနဲ့.. အဲ့စစ်ဒေသက အဲ့နှစ်ယောက်ကို ထုတ်လိုက်တယ်ဆိုရင် တကယ့်ကို အရှက်ရစရာပဲ.. တစ်နှစ်တည်းနဲ့ ရဲချူနဲ့ ဝမ်အန်တို့က ဘာလို့ အဲ့လောက်ထိ အားနည်းသွားရတာလဲ..."
"သူတို့ အားနည်းသွားတာ မဟုတ်ဘူး.. အနည်းဆုံးတော့ သူတို့က မင်းကို ကောင်းကောင်းကြီး ရင်ဆိုင်နိုင်တာထက် ပိုသေးတယ်.. ရဲချူ၊ ဝမ်အန်နဲ့ ငါ ပြိုင်ဘက် ၆၈ယောက်ကို သတ်ပြီး စစ်ဒေသ လေးခုကို ထုတ်ပယ် ခဲ့တယ်.. ငါတို့ စစ်ဒေသကရော မနှစ်ကလောက်တောင် အားမကောင်းဘူးလို့ မင်းထင်နေတာလား.. အဲ့ သောက်ရူးကောင်ကြောင့်သာ မဟုတ်ရင် ရဲချူနဲ့ ဝမ်အန်တို့ အထုတ်ခံရမှာ မဟုတ်ဘူး.. မင်းငါ့ကို မယုံဘူးဆိုရင်လည်း အခုပဲ ငါ့ကို သတ်လိုက်.. ဒီကိစ္စတွေကို မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့..."
လျူဝေက ကျန်သူများအားလုံးကို ဝေ့ကြည့်ရင်း ဆက်ပြောသည်။
"ပြီးတော့ အဲ့အရူးကောင် ငါ့နောက် လိုက်လာလောက်တယ်.. မင်းတို့ မယုံရင် စောင့်ကြည့်ကြပေါ့.."
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...