အခန်း ၃၁၈ + ၃၁၉ ( စွန့်လွှတ်နိုင်စွမ်း )

49 0 0
                                        

အခန်း ၃၁၈

( စွန့်လွှတ်နိုင်စွမ်း )

နောက်ဆုံးတွင် ရှုချန်းနှင့် ပိုင်ရှန်းတို့သည် တစ်သက်တာ စားဖူးသမျှထဲတွင် အခက်ခဲဆုံးသော စားဖွယ်တစ်ခုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြ၏။

နှစ်ဦးလုံး ရာစုနှစ်တစ်ခုစာ နှိပ်စက်ညှဉ်းပန်းမှုဒဏ်မှ လွတ်မြောက်သွားသလို ခံစားလိုက်ရသည်။

လင်ချူရွယ်က ကျေနပ်စွာဖြင့် ရှုချန်းကို ကြည့်ကာ...

"ဘယ်လိုလဲ... အိမ်ချက်အတိုင်းပဲ မလား... အခုကစပြီး ငါ နင့်အတွက် နေ့တိုင်း ချက်ပေးမယ်... "

ရှုချန်း စကားမပြောနိုင်ခင်မှာပင် ပိုင်ရှန်းက ရေနစ်သူကို လှန်ကူထိုးသကဲ့သို့ မှတ်ချက်ဝင်ပေး၏။

"ငါတော့ သူ့ကို အရမ်းတွေ အားကျနေပြီကွာ... တကယ် မနာလိုတော့ဘူး... "

လင်ချူရွယ်၏ အပြုံးမှာ ပို၍ပင် တောက်ပသွားသည်။

ထိုအချိန်တွင် ရှုချန်း၏ ဖုန်းမြည်သံ ထွက်ပေါ်လာ၏။

ဟူပင်း ထံမှ ခေါ်ဆိုခြင်း ဖြစ်သည်။

"အေး ပြော... "

"အကိုကြီး ချန်း... ခင်ဗျား ပြန်ရောက်နေတာကို ဘာလို့ မပြောတာလဲ... အခြေအနေတွေရော ဘယ်လိုရှိလဲ... နေရာထိုင်ခင်းတွေ ချပြီးပြီလား... အပြင်မှာ တစ်ခုခု သွားစားကြမယ်လေ... "

ဟူပင်းက စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်၏။

"မင်း အခု ရှန်ချန်း မှာလား... "

ဟူပင်း...

"ဟုတ်တယ်... ရန်ကျင်းမှာ ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီး ပြန်ရောက်လာတာ မကြာသေးဘူး... အခု ကလပ်/အသင်းထဲမှာ လုံးဝ ပွဲဆူနေပြီ... ရဲချူ ကလည်း ခင်ဗျား ကလပ်ဥက္ကဌ မလုပ်ရင် သူတို့ကို နှိမ်တာ/အထင်သေးတာလို့ သတ်မှတ်မယ်ဆိုပြီး ပြောနေတယ်... "

ရှုချန်းက ဟူပင်းထံမှ အချိန်ကိုက် ရောက်လာသော ခေါ်ဆိုမှုကြောင့် မျက်နှာ ရွှင်ပြသွားကာ ချက်ချင်းပင် စပီကာ ဖွင့်လိုက်ပြီး...

"မင်း ငါ့ကို ထမင်း ဝယ်ကျွေးချင်တယ်လို့ ပြောလိုက်တာလား... "

နတ်နဂါးစစ်သည်Where stories live. Discover now