နတ်နဂါးစစ်သည်
အပိုင်း ၅၁
( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )ရှုချန်းသည် လူမိုက်ကို လွှတ်ပေးလိုက်ကာ " ငါမေးတာကိုဖြေ... မင်းတို့ လုပ်ရဲရင် ဝန်ခံရဲရမယ်... ငါ့ လုပ်ဖော်ကိုင်ဖက်ကို ဘယ်ကောင် ရိုက်သွားတာလဲ... "
" မသိဘူး... "
" မသိဘူး ဟုတ်လား... ရော့ကွာ..."
အမျိုးသားမှာ လဲကျသွား၏။ သူ၏ တပည့် ငါးယောက်က ရှုချန်းကို ဝိုင်းထားလိုက်ကြသည်။
" ဘာလုပ်တာလဲ... မင်းက ငါတို့ ဆရာကို ရိုက်ရဲတယ်ပေါ့... "
ရှုချန်းသည် ထိုသူ ငါးဦးကိုပါ ပါးရိုက်ပစ်လိုက်၏။ ငါးဦးလုံး ခွေကျသွားသည်။
ရှုချန်းသည် နားကွင်းနဲ့ လူအား ကော်လံမှာ ဆွဲကိုင်လိုက်ကာ " ငါ ထပ်မေးမယ်... ငါ့ သူငယ်ချင်းကို ဘယ်ကောင် ရိုက်တာလဲ... "
" -ီးပဲ မသိဘူး... "
ဖျောင်း...
ရှုချန်း၏ အားပါလှသော ရိုက်ချက်ကြောင့် ထိုသူ၏ သွားနှစ်ချောင်း ကျွတ်ထွက်သွားကာ လမ်းပေါ်သို့ ခွေကနဲ လဲကျသွား၏။
ထိုအချိန်တွင် ကလပ်များ အတွင်းမှ လူ နှစ်ဒါဇင်ခန့်သည် ရဲကားကို တွေ့၍ ချက်ချင်းထွက်လာသည်။
" မင်း ဘာလာလုပ်တာလဲ... "
"မင်းတို့ မြောက်ပိုင်းတံခါးဝက ကောင်တွေ ရိုက်လို့ ငါ့ သူငယ်ချင်း ဆေးရုံပေါ် ရောက်နေတယ်... "
" အဲဒီတော့ ဘာဖြစ်လဲ... အခုချိန်မှာ မင်းက ငါတို့ ပိုင်နက်ထဲလာပြီး ရန်စတာပဲ... အသက်ဆက်မရှင်ချင်တော့ပုံပဲ... "
" ကောင်းပြီလေ... ဒီနေ့ပဲ အပြတ်ရှင်းရအောင်... လုပ်တဲ့ကောင် ထွက်ခဲ့... "
ထိုအချိန်တွင် မုတ်ဆိတ်ကျင်စွယ် အနည်းငယ်ရှိကာ ထိပ်ပြောင်ပြောင်နှင့် အမျိုးသား တဦး လူအုပ်ထဲမှ ထွက်လာသည်။
" တစ်အချက်... မင်းက ဆရာ ယွန် ကို စော်ကားတယ်... ပေါင် က တားပေမဲ့ သူ့ကိုပါ မင်း ရိုက်လိုက်တယ်... နှစ်အချက်... အနောက်ပိုင်း တံခါးဝ ကာစီနိုမှာ ဖြစ်ခဲ့တဲ့ ပြသနာ.... အခုထိ ဆရာ ချင် ဆေးရုံ မဆင်းရသေးဘူး... အနောက်ပိုင်း တံခါးဝရဲ့ နာမည်လည်း ထိခိုက်ခဲ့ရတယ်... မင်းသာ ရဲအရာရှိ မဟုတ်ရင် ဒီ နှစ်ချက်တည်းနဲ့ မင်းကို နောက်ဘဝ ပို့ပေးလိုက်ပြီ... "
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...