နတ်နဂါးစစ်သည်
အပိုင်း ၆၅
( လုံးဝ အကြံပြုတယ်...)ဝူဟောက် ၏ ခန္ဓာကိုယ်သည် နံရံနှင့် ထိမှန်ကာ အသံကျယ်ကြီး ထွက်ပေါ်လာသည့်အခါမှသာ ဝမ်ယင်း နှင့် ရန်ဝေ တို့ အသိစိတ်ဝင်လာကာ အလျင်အမြန် ပြေးသွားကြတော့သည်။
အပြင်ဘက်မှ ချောင်းကြည့်နေသော ရှီဝမ်ပင်း နှင့် သူငယ်ချင်းဖြစ်သူမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေပေသည်။
ထိုလက်သီးချက်များသာ သူတို့၏ ခန္ဓာကိုယ်ပေါ် ကျရောက်ခဲ့ပါကဟု တွေးတောမိကာ နှစ်ဦးသား ကျောရိုးထဲမှ စိမ့်ခနဲ ဖြစ်သည်အထိ ကြောက်လန့်သွားတော့သည်။
"သေနတ်ပစ်ကွင်းမှာ ငါတို့က သူ့ကိုလှောင်ထားတာ... သူသာ ငါတို့ကို ထိုးလိုက်ရင်တော့... "
"အဲ့ဒီကိစ္စကို မပြောနဲ့တော့... "
ထိုအချိန်တွင် ဝူဟောက်၏ ပါးစပ်ထဲမှ သွေးများ ဒလဟော အန်ကျနေပေသည်။ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော ချီဓာတ် ကျိုးပေါက်သွားသည့်အတွက် ကိုယ်တွင်းအင်္ဂါများအားလုံး ပျက်စီးခဲ့ရ၏။
ထိုအချိန်တွင် သူသည် ပြင်းထန်စွာ ချောင်းဆိုးနေ၏။
"ခေါင်းဆောင် ဝူဟောက်... ရှင် အဆင်ပြေရဲ့လား... "
ဝမ်ယင်း က စိုးရိမ်တကြီး မေးလိုက်သည်။ တဆက်တည်း ရန်ဝေ သည် ဒဏ်ရာ သက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေးများကို သွားယူပေးသည်။
ဆေးသောက်ပြီးနောက်တွင် ဝူဟောက် အတန်ငယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် နာကျင်မှုတို့ကတော့ ပြည့်နှက်နေဆဲပင်။
"ငါ့ကို ဆင်နင်းသွားသလို ခံစားနေရတယ်... တကိုယ်လုံးက အရိုးတွေ အကုန်လုံး နာကျင်နေတယ်... "
"တောင်းပန်ပါတယ်ဗျာ... "
ရှုချန်း အနားသို့ရောက်လာကာ တောင်းပန်စကား ဆိုလိုက်သည်။
ရန်ဝေ က လက်ကာပြကာ " မင်းအပြစ်လည်းမဟုတ်ပါဘူး... စစ်ဆရာဝန်ကို အရင် သွားခေါ်ပေးပါဦး... "
ဝမ်ယင်း သည် ဝူဟောက်ကို တွဲကာ ဆေးခန်းဆီသို့ ခေါ်ဆောင်သွား၏။ ရှုချန်းသည် ဝမ်ယင်း ကိုပါ တောင်းပန်စကား ဆိုခဲ့သော်လည်း ဝမ်ယင်း က ...
" ရပါတယ် ဒါ နင်နဲ့မှ မဆိုင်တာ... ဆရာဝန်ကတော့ သူ့ကို နှစ်ပတ် သုံးပတ်လောက် နားဖို့ပြောတယ်... ဒီကိစ္စနဲ့ ပက်သက်ပြီး အထက်လူကြီးတွေကို သတင်းပို့လိုက်ဦးမယ်... "
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasiနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...