နတ်နဂါးစစ်သည်
အပိုင်း ၃၃ - ၅ မိနစ်တည်းနဲ့ မင်းကို အမှောက်သိပ်မယ်ရှူချန်းတွင် ပိုက်ဆံရှိပါသည်။ သို့သော် ငွေသွင်းရန်အတွက် အချိန်မရှိချေ။ ထို့ကြောင့် ရှန်ယောင်အား အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း ကလေးမလေး၏ အဖေကို ကူညီရှာဖွေပေးရဦးမည်။ အချိန်အတော်ကြာ ရှာဖွေကြည့်ပြီးနောက် ရှူချန်းမှာ ရွေးချယ်စရာ မရှိဘဲ သူ၏ ထူးဆန်းသော စွမ်းရည်များကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ သူ ခန်းမတစ်ခုလုံး အပေါ်စီးမှ မြင်နိုင်လောက်သည့် လှေကားမကြီးပေါ်တွင် ရပ်လိုက်၏။ ပြီးလျှင် မျက်လုံးကို မှိတ်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး သူ့အကြားအာရုံနှင့် တစ်သားတည်း ကျသွားသည်အထိ စောင့်ဆိုင်းလိုက်၏။ ရုတ်တရက် နေရာပေါင်းစုံမှ ဆူဆူညံညံ အသံလှိုင်းများ သူ့နားစည်အတွင်း ပြေးဝင်လာ၏။
သူ့မျက်လုံးတို့ ဖြတ်သန်းသွားသမျှ နေရာတိုင်း၌ အနီးနားတွင် ထိုင်၍ နားစွင့်နေသည့်အလား ပြောသမျှ စကားလုံးတိုင်းကို သူ့နားနှင့် ပီပီသသ ကြားလိုက်ရ၏။ တပ်ထဲ၌ သင်ကြားခဲ့ရသည့် ထောက်လှမ်းရေး စွမ်းရည်နှင့် အကြားအာရုံအသစ်ကို ပေါင်းစပ်လိုက်သည့်အခါ သူ၏အမြင်နှင့်အကြားအာရုံတို့သည် အဝေးဆုံးသို့ မြင်နိုင်ကြားနိုင်သော မှန်ပြောင်းတစ်ခုကဲ့သို့ ဖြစ်သွားလေတော့၏။
"မန်နေဂျာ"
ထိုရာထူးနာမည်ကို ကြားလိုက်ရသည်နှင့် ရှူချန်းလည်း အသံကြားရာအရပ်သို့ ချက်ချင်း အာရုံစိုက်လိုက်သည်။ ခန်းမထောင့်တွင် ထိုင်လျက် ဆေးလိပ်ကြီးထိုင်သောက်နေသော လူတစ်ယောက်ကို သူ မြင်လိုက်ရသည်။ထိုသူက နဘေးမှ လူများအား မေးမြန်းလိုက်၏။
"တခြား အန္တရာယ်ရှိတဲ့လူတွေ၊ ပရိုလောင်းကစားသမားတွေရော ဒီည တွေ့ရသေးလား""လောလောဆယ်တော့ မတွေ့ရသေးပါဘူး"
မန်နေဂျာက ခေါင်းညိတ်ပြလိုက်သည်။"သတိထားကြ။ အထူးသဖြင့် နိုင်ငံခြားသားတွေပဲ။ ငါတို့ ကာစီနိုရုံကို ဒုက္ခရောက်အောင် ဒီကို သေနတ်တကားကားနဲ့ လူစွမ်းကောင်း လာလုပ်လို့ကတော့ စည်းကမ်းဟောင်းအတိုင်း ဆက်ဆံပေးလိုက်ကြ။ လက်တစ်ဖက်တည်း ယူထားပြီး ကျန်တာတွေ မြစ်ထဲက ငါးစာကျွေးပစ်လိုက်ကြ သိပြီလား"
လက်အောက်ငယ်သားက ခေါင်းညိတ်ပြလိုက်သည်။

YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...