အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

336 11 2
                                        

အခန်း ၃၁၄

( ကျေးဇူးနော် ချူရွယ် )

ဘန်ဂျမင်သည်တော့ အရှက်တကွဲ အကျိုးနည်း ဖြစ်ကာ ဇာတ်သိမ်းသွားလေပြီ။

အိမ်သာထဲမှ ပြန်ထွက်လာသော ရှုချန်းကမူ သေသည့်အထိ နောက်ပြောင်ခံရမည့် ထိုအဖြစ်ကို လင်ချူရွယ်ကိုပင် ပြောမပြခဲ့ပေ။

လင်ချူရွယ်...

"နင့် ကြည့်ရတာ အဆင်မပြေသလိုပဲ... နေမကောင်း ဖြစ်ချင်နေတာလား... "

ရှုချန်း...

"ဘာမှ မဖြစ်ပါဘူး... နည်းနည်း စိတ်ပင်ပန်းသွားလို့ ဖြစ်မယ်... "

လင်ချူရွယ်...

"ဒါနဲ့ အဖေ... မနက်ဖြန် သမီးတို့ ဟွာရှကို ပြန်တော့မယ်... "

လင်ကွေ့ရန် တို့ လင်မယားသည် အနည်းငယ် အံ့သြသွားပြီး...

"ပြန်တော့မလို့လား... ဒီမှာ နောက် တစ်ရက် နှစ်ရက်လောက် နေပါဦးလား... "

လင်ချူရွယ်က ခေါင်းခါလိုက်ပြီ...

"မနေတော့ပါဘူး... သမီးလည်း ခက်ခက်ခဲခဲ ဆုံးဖြတ်ထားရတာ... အခု ရှုချန်းအတွက် စိတ်မပူတော့ပေမယ့် ဒီက လူတွေက သူ့ကို တစ်မျိုးပြီးတစ်မျိုး ဒုက္ခပေးနေမှာ စိုးရိမ်နေမိတယ်... "

နောက်တစ်နေ့ လေယာဉ်မတက်မီ လင်ချူရွယ်သည် မိသားစုနှင့် စကားစမြည် ပြောဆိုပြီး၊ နောက်ဆုံးတွင် မိဘများကို ပွေ့ဖက် နှုတ်ဆက်လိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ မိမိ၏ မွေးရပ်မြေကို ငါးနှစ်ခန့် စွန့်ခွာခဲ့ပြီး ယခုပြန်ရောက်ချိန်တွင်လည်း တခဏမျှသာ နေထိုင်ခဲ့ရသည် မဟုတ်လော။ ထို့ကြောင့် သူမ၏ မိဘများကို သမီးတစ်ယောက်အနေဖြင့် ပြုစုစောင့်ရှောက်ရန် တာဝန်မကျေခဲ့ဟု ခံစားနေမိသည်။

လင်ချူရွယ် ဝမ်းနည်းနေသည်ကို မြင်သော် ရှုချန်းက သူမ စိတ် ပေါ့ပါးသွားစေရန်အလို့ငှာ အာရုံပြောင်းရန် ကြိုးစားလိုက်သည်။

"လာပါကွာ... သူများတွေ မြင်ရင် ငါက ပြန်ပေးဆွဲလာတယ် ထင်နေဦးမယ်... မင်းကို နှိပ်စက်နေတယ်ဆိုပြီး ငါ အဖမ်းခံလိုက်ရရင် ဘယ်လိုလုပ်မလဲ... "

နတ်နဂါးစစ်သည်Where stories live. Discover now