နတ်နဂါးစစ်သည်
အခန်း ၆၇
( စောင့်နေရတာ တန်ရဲ့လား.... )ရှုချန်း နှင့် ဖုန်းပြောပြီးသည့်နောက် လင်းချူရွယ်သည် သူမ၏ နှုတ်ခမ်းပါးလေးများကို စေ့ထားမိလိုက်သည်။ သူမသည် ရှုချန်းအား အားပေးစကား ပြောလိုပေသည်။ သို့သော် အကြောင်းပြချက် ရှာမရ ဖြစ်နေခဲ့သည်။ သို့သော် ယခု အချိန်တွင်မူ အကြောင်းပြချက် ရခဲ့လေပြီ။
လင်ချူရွယ်အားရပါးရ ပြုံးမိသည်။
ထိုအချိန်တွင် သူမသည် ရှုချန်း၏ တိုက်ခန်း ဝရန်တာတွင် ရပ်နေခြင်း ဖြစ်ပေသည်။ ရှန်ယောင် ရောက်လာသောအခါ လင်းချူရွယ်သည် ဖုန်းကို အိတ်ကပ်ထဲသို့ အမြန်ထည့်လိုက်သည်။
"ဒီမှာ တကယ်ပဲ နှစ်ရက်လောက် နေမလို့လား... နင့်ရဲ့ သူဌေးက နင့်ကို တရားစွဲနေပါဦးမယ်... "
အသီးပန်းကန်ကို ကိုင်လာသော ရှန်ယောင်က ပြောလိုက်သည်။
"ငါ့မိသားစုက ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေဆိုတာ မမေ့နဲ့ဦးလေ... ဒါ့ကြောင့် ငါလည်း ဒီကုမ္ပဏီကို တဝက်ပိုင်တယ်လေ... ကုမ္ပဏီ စထောင်ခါစမှာ ကုမ္ပဏီ နာမည်ရဖို့အတွက် အရည်အချင်းရှိတဲ့ ကျော်ကြားသူတယောက် လိုလို့ ငါလုပ်ခဲ့တာ... သူဌေးက ငါ့ကို ဘယ်တော့မှ အတင်းအကျပ် မခိုင်းဘူး... အခုဆိုရင် ငါတို့ ကုမ္ပဏီမှာ နာမည်ကျော်တွေနဲ့ သင်တန်းသား အသစ်တွေလည်း ပိုများလာပြီ... ဒါကြောင့် ငါ မပါရင်လည်း ကုမ္ပဏီက ပုံမှန်အတိုင်း လည်ပတ်နိုင်တယ်... "
"ဒါပေမဲ့ အခုချိန်မှာ နင်က နာမည်ကြီးနေတာလေ... ငွေရှာဖို့ ကြိုးစားရမှာပေါ့... "
"ငွေက အချိန်မရွေး ရှာလို့ရပါတယ်... "
လင်ချူရွယ် သည် သူနှင့် ရှုချန်းတို့မှာ အဆင့်အတန်း၊ ကြွယ်ဝချမ်းသာမှုတို့ ကွာဟမှုကြောင့် တဦးနှင့်တဦး လက်သင့်မခံနိုင် ဖြစ်နေသည်ကို သတိရမိသွား၏။
ရှန်ယောင် ပြုံးနေမိသည်။ မီးရောင်စုံများ လင်းလက်တောက်ပနေသော ရှန်ချန်းမြို့၏ ညအလှကို ဝရန်တာမှ ငေးမောကြည့်ရင်းဖြင့် "ဟုတ်တယ်... ပိုက်ဆံရှိရင် အရာအားလုံးက ပြောင်းလဲသွားတယ်... ငါ့အဖေဆိုရင်လည်း အတိတ်တုန်းက ကာကွယ်ချင်ပါတယ်ဆိုတဲ့ အရာတွေအားလုံးကို စွန့်ခွာသွားခဲ့တယ်... "
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Viễn tưởngနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...