နတ်နဂါးစစ်သည်
အပိုင်း ၄၅
( အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )ရှုချန်းသည် စက်ရုံမှ ထွက်ခွာလာပြီးနောက်တွင် နည်းပြထံမှ ဖုန်းဝင်လာခဲ့သည်။
"မင်း ဒီည အလုပ်ကို ခုနှစ်နာရီလောက် စောစောလာခဲ့..."
"ဘာဖြစ်လို့လဲ..."
"ဒီညမှာ မြောက်ပိုင်းတံခါးဝ နယ်မြေမှာရှိတဲ့ ရင်ပြင်မှာ လင်ချူရွယ်ရဲ့ အယ်လ်ဘမ်အသစ် လက်မှတ်ရေးထိုးပွဲ ရှိတယ်လေ... သူက အရမ်း နာမည်ကြီးတယ်လေ... မင်းလည်း သိမှာပါ... ဒါကြောင့် ပွဲစီစဉ်တဲ့ သူတွေက ငါတို့ တပ်ဖွဲ့ကို အကူအညီ တောင်းထားတယ်... အဲဒီပွဲလုံခြုံရေးအတွက် ငါတို့ သွားကူပေးရလိမ့်မယ်..."
"လုံခြုံရေးကုမ္ပဏီတွေ မရှိဘူးလား... ဘာလို့ ကျုပ်တို့ကို ရုတ်တရက် သွားခိုင်းတာလဲ..."
"လင်ချူရွယ်က မတူဘူးလေ... သူမကို မျက်လုံးပြာ မင်းသမီးလို့ခေါ်ကြတယ်... သူရဲ့ ဖန်တွေက သူ့ကို တအား သဘောကျကြတာ... တကယ်လို့ ရုတ်ရုတ်သဲသဲ ဖြစ်တဲ့အခါကျရင် ဝင်ထိန်းဖို့ ငါတို့ကို လွှတ်လိုက်တာပဲ... ဒီပွဲမှာ တခုခု ဖြစ်သွားရင် ငါတို့ တာဝန်ယူဖို့ပေါ့..."
ရှုချန်း ဘာမှ ပြန်မပြောနိုင်တော့။ ကြီးကြပ်ရေးမှူးမှ အမိန့်ပေးထားပြီ ဖြစ်သည့်အတွက် ရေမိုးချိုးကာ အလုပ်သို့ စောစောသွားရုံသာ ရှိတော့သည်။
ယူနီဖောင်းကို စောစောစီးစီး လဲလှယ်ဝတ်ဆင်ထားသော ရှုချန်းကို တွေ့သောကြောင့် ယန်ကျင်းနှင့် ရှန်ယောင် တို့က "နင် ဒီနေ့ ဂျူတီလဲထားတာလား..."
"မဟုတ်ဘူး... လင်ချူရွယ်ရဲ့ လက်မှတ်ရေးထိုးပွဲ ရှိလို့လေ... လုံခြုံရေး ကုမ္ပဏီက သူတွေနဲ့ပဲ ထိန်းမနိုင်မှာစိုးလို့... ငါတို့သွားပြီး လုံခြုံရေး ယူပေးရလိမ့်မယ်..."
ရှန်ယောင် က "ဒါကြောင့် နင် စောစော ယူနီဖောင်းလဲထားတာကိုး..."
"ဒီပွဲတွေက လုံခြုရေး ယူရခက်လား မသိဘူး..."
ရှန်ယောင် က ခေါင်းညိတ်လိုက်ကာ "ဦးနှောက်မရှိတဲ့ ပရိတ်သတ်တွေနဲ့ တွေ့တဲ့အခါကျရင်တော့ ပါးစပ်နဲ့ ပြောလို့ မရဘူးလေ... သူတို့က အရမ်းလည်း ဆူညံကြတယ်... ဒါကြောင့် နားကြပ်ယူသွားလိုက်... အသုံးဝင်မှာပါ..."
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...