အခန်း ၃၂၆ + ၃၂၇( ဘယ်ကောင် တံတွေးထွေးတာလဲ... )

30 0 0
                                        

အခန်း ၃၂၆

( ဘယ်ကောင် တံတွေးထွေးတာလဲ... )

စီးကရက်တစ်လိပ်ကို ယူလိုက်ပြီး မှုခင်းအဖွဲ့မှ သူများကို ကြည့်၍ ရှုချန်း လက်ဝေ့ယမ်းပြလိုက်သည်။

" တော်ပြီလေ... မင်းတို့ ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြတော့... ငါ့ကို တိရစ္ဆာန်ရုံက မျောက်တစ်ကောင်လို ဝိုင်းကြည့်နေကြတာပဲ... ငါက မင်းတို့ လေးလေးစားစား ကြည့်တာကိုပဲ ပိုသဘောကျတာဟ... "

ရှုချန်းစကားကြောင့် အားလုံး ရယ်မောလိုက်ကြသည်။

" ဟုတ်ပါပြီ... ငါလည်း မင်းတို့ အားလုံးကို သတိရနေလို့ လာတွေ့လာလေ... "

ရှုချန်း ထိုသို့ အရွှန်းဖောက်လိုက်သောကြောင့် အားလုံး စိတ်မကောင်းသော်လည်း ရယ်မောမိကြ၏။ ထို့နောက် အားလုံး ထွက်ခွာသွားကြသည်။

သံတိုင်များ နောက်ကွယ်မှ ရှုချန်းကို ကြည့်ပြီး ယန်ကျင်းက...

" စိတ်မပူနဲ့နော်... လူတိုင်းက ဒီအမှုကို ကူညီပေးကြမှာပါ... ဒီစခန်းမှာ ရှိတဲ့ သူလျှိုတွေကို လုပ်ချင်တိုင်း လုပ်ခွင့် မပေးနိုင်ဘူး... "

ရှုချန်း ခေါင်းညိတ်လိုက်ပြီး...

" ငါဒီမှာ ရက်နည်းနည်းလောက် နေဦးမယ်... "

ဝူကန်းနှင့် လီချောင်လည်း လုပ်လက်စ အမှုဖိုင်တွဲများကို ခဏဖယ်ထားပြီး ရှုချန်း အမှုကို ပြောင်းလဲ စုံစမ်းလိုက်သည်။

လီဝေ ၏ မိခင်မှာ လက်ထောက် ညွှန်ကြားရေးမှူးကို စံအိမ်တော်သို့ ဖိတ်ကြားခဲ့၏။

" လက်ဖက်ရည်သောက် မလာတာတောင် အတော်ကြာပြီနော်... "

မေမေ လီ လက်ဖက်ရည် တစ်ငုံ သောက်ရင်း နှစ်လိုဖွယ် ပြုံး၍ ပြောလိုက်သည်။

" ဟုတ်တယ်... ဥက္ကဌ လီ က အလုပ်များတော့ သူ့ကို လာအနှောင့်အယှက် မပေးတာပါ့... "

ဒု- ညွှန်ကြားရေးမှူးက လက်အောက်ငယ်သား တစ်ဦးကဲ့သို့ နှိမ့်ချ ကျိုးနွံ့စွာ ဖြေရှာသည်။

" မဟုတ်တာဗျာ... အချိန်မရွေး လာလည်လို့ ရပါတယ်... "

" ဟုတ်... ဒါနဲ့ သခင်လေး လီ ဘယ်မှာလဲ... "

နတ်နဂါးစစ်သည်Where stories live. Discover now