( ဘာသာပြန်သူအမှာစာ - ရှုချန်း စာစဥ်လေးကို ကြိုက်နှစ်သက်ပါက ရေးရတာ အားတတ်စေအောင် vote ပေးတာပဲ ဖြစ်ဖြစ် အခြားသူများကို မျှဝေတာပဲ ဖြစ်ဖြစ် ကူညီအားပေးကြပါလို့ စာရေးသူ ကျွန်တော် တောင်းဆိုလိုက်ပါတယ် )
နတ်နဂါးစစ်သည်
အခန်း ၂၀၂
( အဲဒါ ငါ့အိပ်မက်ပဲ... )
နှစ် မီတာ မြင့်သော အတားအဆီးများ ဆီသို့ ရောက်သွားသောအခါ လင်ချူရွယ်နှင့် ကျိုးကျိုဟို တို့ မျက်မှောင်ကြုံ့လိုက်ကြသည်။
ကျိုးကျိုဟိုက ခါးကိုင်းပေးလိုက်ပြီး...
" အစ်မ ချူရွယ်... ကျုပ် ကျောပေါ် တတ်လိုက်ပါ... "
" ရပါတယ်... အခုမှ နှစ်မီတာပဲ ရှိသေးတယ် ငါ ကျော်နိုင်ပါတယ်... "
သူမမှာ အရပ် ၁.၇ မြင့်၍ လက်မြှောက်လိုက်ပါက နှစ်မီတာ နီးပါး ရှိလေပြီ။ ထို့ကြောင့် အတားအဆီးများကို သူမ ပေါ့ပေါ့ပါးပါး ကျော်နိုင်သေးပေသည်။ အခြားသူများထံမှ အကူအညီ မလိုအပ်သေးချေ။
နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်၏။ ထို့နောက် " ယား " ဟု အော်ကာ ရှေ့သို့ ပြေးလာ၍ နံရံထိပ်ကို လှမ်းဆွဲပြီး ခြေတစ်ဖက် လှမ်းတင်လိုက်သည်။ ထို့နောက် နံရံကို အလွယ်တကူပင် ကျော်ပြီး အခြား တစ်ဖက်သို့ ခုန်ဆင်းလိုက်သည်။ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ချီးကျူးစကား ကြားလိုဟန်ဖြင့် ရှုချန်းကို လှမ်းကြည့်လိုက်၏။
ရှုချန်း မပွင့်တပွင့် ပြုံးပြလိုက်သည်။ ထို့နောက် လင်ချူရွယ်လည်း အတားအဆီး တစ်ခုပြီး တစ်ခု ကျော်ဖြတ်သွားလေသည်။ လင်ချူရွယ်တို့ အဖွဲ့မှာ အခြား အဖွဲ့များကို နောက်ကောက်ချထားခဲ့လေပြီ။
အခြား အဖွဲ့ နှစ်ဖွဲ့မှာ နှေးကွေးသော်လည်း ရေထဲသို့ ပြုတ်ကျသူတော့ မရှိခဲ့ချေ။ ထို့နော် အတားအဆီးများ ဖြတ်ကျော်ရန် နေရာ ရောက်သောအခါ ကျောက်ယာကျင်း အကူအညီဖြင့် ရန်ရှန်း တစ်ယောက် ခက်ခက်ခဲခဲ ကျော်ဖြတ်ရှာလေသည်။ ထိုနှစ်ဖွဲ့မှာ လင်ချူရွယ်တို့ အဖွဲ့ထက် တစ်မိနစ်ခန့် နောက်ကျနေသေး၏။
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasyနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...