နတ်နဂါးစစ်သည်
အခန်း ၉၈
(တစ်ရုံးလုံးကို သြဇာလွှမ်းမိုး )ရုတ်ချည်းဆိုသလိုပင် အဖွဲ့(၂)၏ အဖွဲ့သား ဆယ်ဦးလုံးက တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီးနောက် ‘ဤသကောင့်သား ဦးနှောက်ချောင်နေသလော’ ဟူသော အကြည့်မျိုးဖြင့် ရှုချန်း၏ မျက်နှာကို ပြန်ကြည့်လိုက်ကြသည်။
‘အနောက်ဘက် တံခါးဝ’ အမှုတွဲက အဖွဲ့(၅) တစ်နှစ်ပတ်လုံး လိုက်နေခဲ့သော အမှုတွဲမဟုတ်ပေလော။ အဖွဲ့(၅) တစ်ဖွဲ့လုံးက မှုခင်းရေးရာ ဌာနတစ်ခုလုံး၏ ရနိုင်သမျှ အရင်းမြစ်(အင်အား) အစုံသုံး၍ စုံစမ်းနေသည့်တိုင် အနောက်ဘက်တံခါးဝကို စွဲချက်တင်နိုင်မည့် သက်သေသက္ကာရ မရသေးချေ။
ယခု ရှုချန်းကဲ့သို့ အသစ်ရောက်ရှိလာသူက ထိုအနောက်ဘက်တံခါးဝဂိုဏ်း တစ်ခုလုံးကို ချေမှုန်းမည်ဟု ကြိမ်းဝါးနေ၏။ ဤသည်က အနောက်ဘက် တံခါးဝကို ပြဿနာရှာခြင်း မဟုတ်ပေ။ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။
ဂိုဏ်းလေးဂိုဏ်း တံခါးဝ လေးခု တွင် မြောက်ဘက်တံခါးဝဂိုဏ်းမှ လွဲလျှင် ကျန်ဂိုဏ်းသုံးခုက အင်အားကြီးဂိုဏ်းများ ဖြစ်သည်။ ဗန်းစကားနှင့် ပြောရမည် ဆိုလျှင် ဧရာမငါးကြီးများပင်။ ထိုဧရာမငါးကြီးများကို ဖမ်းမိရန်က ငါးလေးများကို ဖမ်းသည့် နည်းလမ်းသုံး၍ မရနိုင်ချေ။ အဝင်မှားသည်နှင့် အမြိုခံရမည် မဟုတ်ပါလား။ သို့အတွက်ကြောင့် ထိုဧရာမငါးကြီးများကို ဖမ်းဆီးရန် မဟာဗျူဟာ နည်းဗျူဟာများဖြင့် တွက်ချက်၍ ချည်းကပ်ရမည် ဖြစ်သည်။
“ငါပြောတာ မှန်တယ်.. မြောက်ဘက်တံခါးဝ ဆရာကြီးနဲ့ ရင်ဆိုင်တိုက်ခိုက်ရဲတဲ့ မင်းလိုလူက ကာယသမား ဉာဏစွမ်းရည် မရှိတဲ့ လူကြမ်းပဲ..” ဝူကန်းက ပျစ်ပျစ်နှစ်နှစ် ဝေဖန်၏။
“ကာယအားသုံးတာ ဘာဖြစ်လဲ.. အနည်းဆုံးတော့ ခင်ဗျားလို သူရဲဘောကြောင်တဲ့ လူမျိုးထက် ပိုသာသေးတယ်လေ..” ထို့နောက် ရှုချန်းကလည်း မနှစ်မြို့စွာဖြင့် ဆက်ပြောသည်။ “ငါတို့ စစ်တပ်ထဲမှာဆို ခင်ဗျားလို လူမျိုး.. ဆင်ခြေဆင်လက်ပဲ ပေးတတ်တဲ့ သူမျိုးက ဘယ်တော့မှ တပ်သားကောင်း ဖြစ်လာမှာမဟုတ်ဘူး.”
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantastikနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...