နတ်နဂါးစစ်သည်
အခန်း ၁၈၇
(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
ကုမ္ပဏီသည် ရှိုးအတွက် သတ်မှတ်ထားသော ဘတ်ဂျက်အကန့်အသတ်ကြောင့် စစ်ဒေသအပြင်ဘက်တွင် တည်းခိုရန် နေရာနှင့် အသွားအလာ ဝန်ဆောင်မှုများကို မပေးနိုင်တော့ချေ။ ထို့ကြောင့် နာမည်ကြီး မင်းသား မင်းသမီးများ အပါအဝင် ဝန်ထမ်းများအားလုံး အရေးပေါ်ပြင်ဆင်ထားသော နှစ်ထပ်အိပ်ဆောင်သို့ ပြောင်းရွှေ့ကြရတော့သည်။
ယောကျ်ားလေးများက ပထမထပ်တွင် နေရာယူကြပြီး မိန်းကလေးများမှာ ဒုတိယထပ်တွင် ဖြစ်သည်။ ကုတင်များမှာမူ စစ်တပ်တွင် အသုံးပြုသော သံကုတင်များကိုသာ တန်းတူ အသုံးပြုကြရလေ၏။
သူတို့ အားလုံးကို နေရာချထားပြီးနောက်တွင် ရှုချန်းသည် လင်ချူရွယ်နှင့် အခြား မိန်းကလေးသုံးဦးကို ဒုတိယထပ်ရှိ လေ့ကျင့်ကွင်းတစ်ခုလုံးကိုပါ ရှုမြင်နိုင်သော ဘယ်ဘက်အစွန်ဆုံး အခန်းတစ်ခုဆီ ခေါ်သွားခဲ့သည်။
ရိုက်ကူးရေး အဖွဲ့သားများသည် အခြားသူများ ပြောင်းရွှေ့ကြစဉ်တွင် စတင်ရိုက်ကူးခြင်း မရှိသေးဘဲ မင်းသားမင်းသမီးများ ပြောင်းရွှေ့နေစဉ်တွင်မှ ကင်မရာများကိုင်ကာ လှုပ်ရှားမှု အစအဆုံးကို မှတ်တမ်းတင်နေကြသည်။
"တပ်ထဲရောက်ပြီ ဆိုတာနဲ့ အားလုံးက တန်းတူပဲ ဖြစ်သွားပြီ... ဒီမှာ ရှိတဲ့ အချိန်အတွင်းမှာ အပန်းဖြေ ခရီးထွက်သလို ပျော်နေမယ့်အစား နိုင်ငံတော်အတွက် အကျိုးပြုဖို့ ပြင်ဆင်ထားကြပါ... မင်းတို့ အားလုံး နေရာအသစ် အခြေအနေအသစ်မှာ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ပါ့မလား ဆိုတာတော့ ငါလည်း သေချာမသိဘူး... လေ့ကျင့်ရေး စပြီဆိုတာနဲ့ စည်းကမ်းတွေ စပြီး တင်းကျပ်တော့မှာ ဖြစ်လို့ မလုပ်နိုင်ဘူး ထင်ရင် ရိုက်ကူးရေး အဖွဲ့သားတွေ ကြိုတင် အသိပေးထားကြပါ... "
လော့ကျိချီး နှင့် အခြား မင်းသမီးများက ရွှတ်နောက်နောက် အမူအရာဖြင့် လျှာထုတ်ပြောင်ပြလိုက်ကြသည်။
လင်ချူရွယ်ကမူ ရှုချန်းကို ပြုံးပြလိုက်ပြီး ...
" ဘယ်လောက်တောင် တင်းကြပ်မှာမလို့လဲ..."
![](https://img.wattpad.com/cover/353187670-288-k951695.jpg)
YOU ARE READING
နတ်နဂါးစစ်သည်
Fantasiနတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရှိသလို ဟွာရှတွင် ဆန်းကြယ်သည်ဟု လူသိများသည့် နဂါးတပ်ဖွဲ့ တစ်ခု ရှိပေသည်။ ယခင်က အရွေးမခံခဲ့ရသော စစ်သည်တစ်ဦးသည် နဂါးတပ်ဖွဲ့၏ စာရင်းတွေ နောက်တဖန...