Story 1

1.4K 29 0
                                    

Unicode
.................
(Note that: Pdf file or တခြားမည်သည့်file မဆိုပြောင်းပြီး ကူးယူဖြန့်ချီခွင့်မပြုပါ)

လူများသွားရာလှုပ်ရှားနေသော နေရာတစ်ခု။ ပျော်ပွဲရွှင်ပွဲ ကျင်းပနေသကဲ့သို့ မီးရောင်စုံအောက်တွင် အထက်တန်းကျကျဝတ်စားထားသော အမျိုးသား၊အမျိုးသမီးများစွာတို့သည် ထိုနေရာ၌ ပျော်မြူးနေကြလေသည်။

ပါတီကြီးသည် ညပိုင်းရှစ်နာရီရောက်သည်အထိ မပြီးပြတ်သေးပဲ ဆက်လက်ကျင်းပလျက်ရှိနေသည်။ အဖြူရောင် ဇိမ်ခံသင်္ဘောကြီးသည် ရေဆန်ရာသို့ ရွက်လွင့်လို့နေပြီး ထိုအပေါ်မှ လူကုံထန်အသိုင်းအဝိုင်းမှ အယ်လ်ဖာ၊ဘီတာနှင့် အိုမီဂါတို့ စုံလင်စွာရှိလို့နေလေသည်။

ထိုအထဲတွင် တစ်စုံတစ်ဦးကတော့ စိတ်မသာမယာစွာ ဖြစ်လို့နေပြီး ထိုသူကပွဲတွင်းသွားလာနေသူများကို နှာခေါင်းပိတ်ကာ ဂျိုကြည့်ကြည့်လို့နေသည်။ ထိုသူ၏ခက်ထန်သောမျက်နှာကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ အနားမကပ်ရဲကြပေ။

ထိုသူက ထူထဲလှသော မျက်ခုံး၊ နှာတံထင်းထင်း၊ မေးရိုးပြေပြေ၊ တိရိပြတ်သားစွာ ပိတ်ထားသော နှုတ်ခမ်းနှင့် စိမ်းပြာရောင် မျက်ဝန်းတစ်စုံတို့ကို ပိုင်ဆိုင်ထားလေသည်။

ထိုလူသားသည် ထိုင်ခုံတစ်နေရာတွင် ထိုင်နေပြီး သူ၏မျက်ခုံးတို့ကိုလည်း တွန့်ချိုးထားကာ မျက်နှာထက်တွင် စိတ်ပျက်ဖွယ်အမူအရာတို့ကို မြင်တွေ့နိုင်လေသည်။

အနက်ရောင် Hugo boss အနောက်တိုင်းဝတ်စုံကို အဖြူရောင် Levi's shirtဖြင့် တွဲဖက် ဝတ်ဆင်ထားပြီး လက်တွင်တော့ Patek Phillppe brand ရွှေနှင့် အနက်ရောစပ်ထားသော နာရီကိုဆင်မြန်းထားလေသည်။

ထိုသူကိုယ်၌ ဝတ်ဆင်ထားသော brand များကို ကြည့်ခြင်းအားဖြင့် ချမ်းသာသောအသိုင်းအဝိုင်းမှလာသည်ဟု ဗေဒင်ပင်မေးစရာမလိုအောင်ကို သိလေသည်။ သို့သော် ထိုသူက ပါတီရှိလူများနှင့် ဓာတ်မတည့်လေသလား မပြောတတ် ရန်ထောင်သည့်အသွင်နှင့် ရွံရှာနေဖွယ်အသွင်တို့ကြောင့် မည်သူမျှအနားမနေရဲကြ။

သူ့ဘေးနားတွင်တော့ လက်ထောက်ဟုထင်ရသော သူတစ်‌ဦးသာရှိနေပြီး ထိုသူကတော့ မည်သို့မျှ မနေပဲ အေးအေးဆေးဆေးသာ စကားပြော‌နေလေသည်။

Twins' Love Season 2 (Completed)Where stories live. Discover now