Unicode
.................ကော်ဇောနီပေါ်သို့ အနုပညာရှင်အတော်များများ လျှောက်လှမ်းသွားလို့အပြီးမှာ ကင်မရာကလည်း ကားတွေဘက်သို့ လှည့်အပြ၊ တောက်ပြောင်နေတဲ့ အနက်ရောင် Lexus UX ကားလေးသည် ထိုအနီရောင်ကော်ဇောကြမ်းပြင်ရှိရာသို့ ဆိုက်ရောက်လာခဲ့လေသည်။
သတင်းထောက်တွေနဲ့ မီဒီယာ တော်တော်များများကလည်း အထဲတွင်ပါလာမည့်သူကို စိတ်ဝင်စားနေကြပြီး လုံခြုံရေးတွေနဲ့ လူတော်တော်များများက ထိုနေရာသို့ အာရုံရောက်နေကြသည်။ ကင်မရာ မီးရောင်တွေ တဖျတ်ဖျတ်ဖြင့် ရိုက်နေကြပြီး မျက်စိရှုပ်စရာပင် ကောင်းလွန်းလှလေသည်။
ကားလေးထဲကလူက အချိန်အတော်ကြာသည်အထိ ထွက်မလာသေးသဖြင့် ဘာဖြစ်သလဲဟုပင် စပ်စုနေကြသေးသည်။ တစ်အောင့်အကြာမှာတော့ ကားတံခါးသည် ပွင့်လို့လာပြီး အနောက်ခန်းမှ သွယ်လျလျခြေတံရှည်တစ်စုံက ဦးစွာထွက်လာလေသည်။
ပြီးနောက် တစ်ကိုယ်လုံး အလုံးစုံစွာ ထွက်လာလိုက်တော့ ကောင်မလေးတွေအသဲစွဲ ရေပန်းစားနေတဲ့ သရုပ်ဆောင် မင်းသားညဉ့်ဦးရိပ်မာန်ကို မြင်တွေ့လိုက်ရလေသည်။
အနက်ရောင် အနောက်တိုင်းဝတ်စုံကို အပြည့်ဝတ်ဆင်ထားပြီး သူ့ရဲ့ အညိုရောင်ဆံနွယ်တို့ကို အနောက်သို့ အနည်းငယ်လှန်တင်ထားကာ တချို့တစ်ဝတ်တို့သည်လည်း ရှေ့သို့ချထားသေးသည်။ သူ့ရဲ့ စတိုင်လ်ကျ ချောမောမှုတို့ကြောင့် ကင်မရာဆရာတို့လည်း ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ကာ မှတ်တမ်းယူနေကြလေသည်။
ဦးရိပ် ကားပေါ်က ဆင်းလာသည်နှင့် မပြီးသေး၊ သူပြောပြထားသည့် ပါတနာဆိုသူ ပါမပါကိုပင် စိတ်ဝင်စားနေကြသည်။ ထိုအခါ ဦးရိပ်၏လက်က အထဲမှ တစ်ယောက်သောသူကို လှမ်းပေးလိုက်တာကြောင့် အိမ်တွင်တိုက်ရိုက်ကြည့်ရှုနေကြသော ပရိသတ်တို့ စောင်ကိုက်နေကြလေပြီ။
"သစ္စာ... ဟိုမှာ ဟိုမင်းသားတို့လာပြီကော"
"ဘယ်မှာလဲ..."
"လက်ကမ်းပေးနေတယ်... သူ့ပါတနာထင်တယ်"
"ဘယ်သူလဲ... ဘယ်သူလဲ"
YOU ARE READING
Twins' Love Season 2 (Completed)
RomanceUni ... Pdf file or other ways of making files များဘယ်fileမဆိုလုပ်ပြီး ဖြန့်ချီခွင့်မပြုပါဘူးနော်။ အမြွှာလေးတွေ အဆက်ပါ။ This is my sixth own fiction. ဇာတ်လမ်းသည် ဖန်တီးသူရဲ့ စိတ်ကူးသက်သက်သာဖြစ်ပါတယ်။ Owncreation ဖြစ်လို့ အဆင်မပြေတာရှိရင် နားလည်စေ...